ရန်ကုန်၊ ဇွန်လ( ၁၁ )ရက်။
၂ဝ၁၉ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇွန်လ (၄)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော 25th SEA Junior & Cade TableTennis Championships2019 ပြိုင်ပွဲတွင် Junior အမျိုးသားအသင်းလိုက် ပူးတွဲတတိယဆု ရရှိခဲ့သည်။
ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံမှ တစ်အုပ်စု၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံတို့က တစ်အုပ်စု (၄)နိုင်ငံ နှစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ကစားရာ ထိုင်းအသင်းအား (၃:ဝ)ဖြင့် ရှုံးနိမ့်၍ ဘရူနိုင်းအသင်းအား (၃:ဝ)နှင့်ဖိလစ်ပိုင် အသင်းအား (၃:၂)ဖြင့် နိုင်၍ တစ်ဘက်အသင်းအုပ်စုမှ အုပ်စုပထမရရှိသော စင်ကာပူအသင်းအား ရှုံးနိမ့်ကာ မလေးရှားအသင်းနှင့်အတူ ပူးတွဲတတိယ ဆုရရှိခဲ့သည်။
အောင်ပွဲရ စားပွဲတင်တင်းနစ်အားကစားအဖွဲ့သည် ယမန်နေ့ ည (၉)နာရီ (၁၅)မိနစ် အချိန်က ထိုင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ မိဘဆွေမျိုးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများက စည်ကား သိုက်မြိုက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။