ရန်ကုန်၊ ဒီဇင်ဘာလ(၁၅)ရက်။
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ အိုလံပစ် သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့်ဖွင့်လှစ်သည့် အမျိုးသားအဆင့်အားကစားစီမံခန့်ခွဲသူများ သင်တန်း(၃/၂ဝ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဝင်များ ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ñွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်က်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်က သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။