spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 
စစ်တွေ ၁၂  ဇွန်     
 
၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့ ဓညဝတီအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ နေရာအလိုက် ရိုက်ချက် အကောင်းဆုံးဆု၊ ပင့်ထောင်အကောင်းဆုံးဆု၊ စပေးဘော အကောင်းဆုံးဆုရ အားကစားသမားများကို လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရအားကစားသမားများကို လည်းကောင်း၊ အမျိုးသား ၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရအသင်းများကို ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်စောမြနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 
 
ထို့နောက်  အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စစ်တွေမြို့နယ်အသင်းအား  ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက တံခွန်ဆိပ်ဆုဖလား လည်းကောင် ၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ် အသင်းအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဘုန်ဘွေ က တံခွန်ဆိပ်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 
 
ဝင်းမင်းစိုး(ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%81%8A-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8