spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မွန်ပြည်နယ်တွင် အားကစားမြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်တွင် အားကစားမြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 
မော်လမြိုင်    ၁၂ ဇွန်    
 
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ မွန်ပြည်နယ် အားကစားမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာ့အားကစားလက်ရွေးစင်ဟောင်း အသင်းသား/အသင်းသူများမှ တစ်ဦးချင်း မိတ်ဆက်ပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌ ရေကူးမြန်မာ့လက်ရွေးစင်ဟောင်း ဦးနန္ဒကျော်စွာက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
 
ထို့နောက် ဘော်လီဘောမြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးသိန်းက လူထုအားကစားနှင့် အပန်းဖြေအားကစားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြေးခုန်ပစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးကျော်ခင်က ယှဉ်ပြိုင်ရေးအားကစားအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ပြေးခုန်ပစ်မြန်မာ့လက်ရွေးစင်ဟောင်း ဒေါ်ခင်ညိုက အမျိုးသမီးအားကစားကဏ္ဍ သိကောင်းစရာများကိုလည်းကောင်း၊ ရေကူးမြန်မာ့လက်ရွေးစင်ဟောင်း ဦးသက်ဝင်းက ရေကူးနှင့် အားကစားအထွေထွေ ဗဟုသုတအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းမှ မဂ္ဂဇင်းစာစောင်များကို ပေးအပ်ရာ သက်ဆိုင်ရာတာဝန် ရှိသူများက လက်ခံရယူခဲ့သည်။
 
 
 
အဆိုပါ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ မွန်ပြည်နယ် အားကစားမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ၊ ပြည်နယ်လက် ရွေးစင်ဟောင်းများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းမှ ကျောင်း သား၊ ကျောင်းသူများ၊ နည်းပြများ၊  အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သတင်းရရှိသည်။
 
#MDN

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%90%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%A1%E1%80%9E%E1%80%AD%E1%80%95%E1%80%8A%E1%80%AC%E1%80%95%E1%80%B1%E1%80%B8-%E1%80%9F%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95