spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ထိုင်းနိုင်ငံ Pattaya ကမ်းခြေတွင်ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့်သက်ကြီးတန်းအနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲသို့၀င်ရော

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ထိုင်းနိုင်ငံ Pattaya ကမ်းခြေတွင်ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့်သက်ကြီးတန်းအနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲသို့၀င်ရော

 
ရန်ကုန်၊ ဇွန်လ( ၁၅ )ရက်။
 
ထိုင်းနိုင်ငံ  Pattaya ကမ်းခြေတွင် ဇွန်လ(၁၈)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့်သက်ကြီးတန်း အနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ 2019 Southeast Asian Rowning and Canoeing Championship သို့၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့အား လမ်းညွှန်အမှာစကားပြောကြား ခြင်းအခမ်းအနားကို ယမန်နေ့ည(၆)နာရီက ရန်ကုန်တိုင်းဒေသကြီးအင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ၊ အုပ်ချုပ်သူနည်းပြနှင့်ကစားသမားများ တက်ရောက်ကြသည်။
 
 
ရှေးဦးစွာပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့်မြန်မာလှေလှော်အားကစားအဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ဂါရ၀ပြုပြီး အသင်းအုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲသို့၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကားပြောကြားရာတွင်  ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှုအခြေအနေများကိုသိလိုခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း  ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊  အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီး ရာသီဥတုပြောင်းလဲမှုရှိသောကြောင့် အစားအသောက်အနေအထိုင်အထူးဂရုပြုစေလိုပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ပြီးရင်ပြန်လည်ဖြည့်တင်းရမည့်အာဟာရနှင့် ပြိုင်ပွဲကာလအတွင်း လုံလောက်သော အစာအာဟာရ များကို စနစ်တကျ ကျွေးမွေးဖို့လိုအပ်ပြီး  မိမိတို့၏တစ်နေတာ လေ့ကျင့်မှုနှင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ရသည့် အကြောင်းအရာများအား နေ့စဉ်မှတ်တမ်းတင်ထားရှိ ရန်နှင့် မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်ဖို့ လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယ၀န်ကြီးမှ သွားရောက်ယှဉ်ပြိုင်ကြမည့်အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများတစ်ဦးချင်းအား နှုတ်ဆက်အားပေးခဲ့သည်။
 
အဆိုပါမြန်မာလှေလှော်အားကစားအဖွဲ့သည် အသင်းအုပ်ချုပ်သူ(၁)ဦး၊ နည်းပြချုပ်/နည်းပြ(၃)ဦး၊  အားကစားသမား(၁၅)ဦး၊ စုစုပေါင်း(၁၉)ဦးသည် ဇွန်လ(၁၈) ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်းသိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA-%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-pattaya