spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

 
ပဲခူး ၁၄ ဇွန် 
 
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
 
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက တိုင်းဒေသကြီးအတွင်းရှိ ပိုက်ကျော်ခြင်း အားကစားလူငယ်လူရွယ်များအနေဖြင့် ကိုယ်စားပြုမြို့နယ်၏ဂုဏ်ကို ဖော်ဆောင်နိုင်စေရန်နှင့် ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း အစဉ်တိုးတက်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှုပ်ရှားဆောင်ရွက်နေသော Fitness Dance အဖွဲ့က လေ့ကျင့်ခန်း ကကွက်များဖြင့် သရုပ်ပြ ကပြဖျော်ဖြေကြသည်။
 
 
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲအား နိုင်ငံတော်၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်စေရန်အတွက် ဇွန် ၁၄ ရက်နေ့မှ ၁၈ နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း(၂၈)သင်း၊ အမျိုးသမီးအသင်း (၂၇)သင်း၊ ပြိုင်ပွဲဝင်ဦးရေ(၃၉၂)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
 
ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ၂၀၁၆ ခုနှစ်၌ အမျိုးသမီး(၃)ယောက်တွဲ ရွှေတံဆိပ်(၁)ခု၊ (၂)ယောက်တွဲ ရွှေတံဆိပ်(၁)ခုတို့ဖြင့် အမျိုးသမီး စုပေါင်းတံခွန်စိုက်နှင့် ပြည်နယ်နှင့်တိုင်း အမျိုးသား/ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိပြီး ၂၀၁၇ ခုနှစ်တွင် အမျိုးသမီး(၃)ယောက်တွဲရွှေ(၁)ခု၊ အမျိုးသား(၂)ယောက်တွဲအဖွဲ့လိုက် ရွှေ(၁)ခု၊ ငွေ(၁)ခု၊ အမျိုးသား(၃)ယောက်တွဲအဖွဲ့လိုက် ရွှေ(၁)ခု၊ စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်တွင်လည်း အမျိုးသား(၄)ယောက်တွဲအဖွဲ့လိုက် ရွှေ(၁)ခု၊ (၂)ယောက်တွဲ အသင်းလိုက်ရွှေ(၁)ခုနှင့် ပြည်နယ်နှင့် တိုင်းစုပေါင်း တံခွန်စိုက်ဆု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
 
 
တင်စိုး(ပဲခူး)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%81%8A-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95