spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊မန္တလေး၊မော်လမြိုင်၊တောင်ကြီး) အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊မန္တလေး၊မော်လမြိုင်၊တောင်ကြီး) အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၁၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်ပေးရှိသော အားကစားနှင့်ကာယပညာသိပ္ပံအားကစားပြိုင်ပွဲများကို ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊မန္တလေး၊ မော်လမြိုင်၊တောင်ကြီး)  အားကစားပြိုင်ပွဲ များကို ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဇန်နဝါရီလ (၂)ရက်နေ့အထိ နေပြည်တော်နှင့်ရန်ကုန်တွင် ကျင်းပမည့် အားကစားနှင့်ကာယပညာသိပ္ပံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁ဝ)နာရီ အချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားဖွံ့့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သောမျိုးဆက်သစ်လူငယ်အားကစားသမား စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် နှစ်စဉ်ကျင်းပလျက်ရှိသော အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့တာ (၆)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားပြိုင်ပွဲများကို ယခင်နှစ်ပြိုင်ပွဲလို မိမိတို့ကျောင်း အနိုင်ရရှိရေးကို အဓိကမထားဘဲ စံချိန်ကောင်းများပိုမိုရရှိအောင် အလေးထားစေလိုကြောင်း ပြောကြားခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများမှ  ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ညှိုနှိုင်းဆွေးနွေး ခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေးအခမ်းအနားကို နေ့လည်(၁၂)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%81%8A%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%81%8A%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8