spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အသက်(၁၇)နှစ်အောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

အသက်(၁၇)နှစ်အောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

 
 
စေတုတ္တရာ  ၁၅  ဇွန်    
    
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက စေတုတ္တရာမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့သည်။ 
ရှေ့ဦးစွာ အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့ နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ အားကစား သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဘောလုံးကန်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
 
အဆိုပါ  အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး  အဖွင့်ပွဲစဉ်အဖြစ် အမှတ်(၂)ရပ်ကွက် ဘောလုံးအသင်းနှင့် ဖအိုင်းကျေးရွာ ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ 
 
စည်သူလွင်(ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95