spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်တွင် မျိုးဝင်းအောင် ဗိုလ်စွဲ

၂၀၁၉ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်တွင် မျိုးဝင်းအောင် ဗိုလ်စွဲ

 
နေပြည်တော် ၁၆ ဇွန် 
 
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ မြဝတီဘဏ်လီမိတက်မှ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ခုနှစ်၊မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ) ပွဲစဉ် စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဟံသာဝတီ ဂေါက်ကွင်း၊ ပဲခူးမြို့၌ ဆက်လက်ကျင်းပရာ ပညာရှင်အဆင့်ပြိုင်ပွဲတွင် မျိုးဝင်းအောင် ဗိုလ်စွဲခဲ့သည်။ 
 
 ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးမျိုးသီဟက ပြိုင်ပွဲအားလက်ခံကျင်းပပေးသော ဟံသာဝတီဂေါက်ကွင်းအား အမှတ်တရလက်ဆောင်နှင့် လှူဒါန်းငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊   ပြိုင်ပွဲအား အဓိကကူညီပံ့ပိုးပေးသော မြဝတီဘဏ်လီမိတက်အား အမှတ်တရဂုဏ်ပြုလက်ဆောင်တို့ ပေးအပ်ရာ ဟံသာဝတီဂေါက်ကွင်းမှ အထွေထွေမန်နေဂျာဦးဆန်းထွဋ်ဦးနှင့် မြဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်တို့က လက်ခံရယူသည်။
 
ယင်းနောက် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဌာနကြီးမှူး (အထွေထွေအုပ်ချုပ်ရေးဌာနကြီး) ဦးမင်းဇော်က ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက် (၂၃၆)ဖြင့် ဒုတိယရရှိသော Fiona Khaing နှင့်စုစုပေါင်းရိုက်ချက် (၂၂၅)ချက်ဖြင့် ပထမရရှိသော သင်းဝေခိုင်တို့ကို  ဆုများချီးမြှင့်ပေးအပ်သည်။   ဆက်လက်၍  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးက ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင်  စုစုပေါင်းရိုက်ချက်(၂၉၂)ချက်ဖြင့်  ဒုတိယရရှိသော သီဟအောင်နှင့် စုစုပေါင်းရိုက်(၂၈၇)ဖြင့် ပထမရရှိသော မင်းနိုင်စိုးတို့ကို ဆုများပေးအပ်ချီးမြင့်သည်။
 
ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင်သတ်မှတ်ရိုက်ချက်ထက် (၉)ချက်လျော့ရိုက်ကာစုစုပေါင်းရိုက်ချက် (၂၇၉)ဖြင့်ပထမရရှိသွားသော မျိုးဝင်းအောင်ကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒုတိယမန်နေးဂျင်း ဒါရိုက်တာ ဦးစိုးသိန်းက ဆုဖလားနှင့် မြဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်က ဆုကြေးငွေချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်ပြီး ဆုရကစားသမားများနှင့် တာဝန်ရှိသူများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
 
၂၀၁၉ ခုနှစ်မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲတွင်  Myanmar Zwe Mann Co,.Ltd, MWD Bank, SAE PAING Development Ltd, Telecom International Myanmar Co., Ltd (Mytel), Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank, အဓိကကူညီပံ့ပိုးပေးထားသည်။
 
သတင်း-ဖိုးသော်ဇင် ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8-%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%85%E1%80%BD%E1%80%B2