spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကရာတေးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကရာတေးပြိုင်ပွဲ ကျင်းပ

 
ရန်ကုန် ဇွန် ၁၅ 
 
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကရာတေးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။ 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က အမှာစကားပြောကြားပြီး တာဝန်ရှိ သူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ အား လိုက်လံနှုတ်ဆက်သည်။
 
ပထမနေ့ ပွဲစဉ်၌ စီနီယာ၊ ဂျူနီယာ သက်ငယ်တန်း ပြိုင်ပွဲ တွင် မြို့နယ်များမှ ကလပ်အသင်းများ၊ တက္ကသိုလ်ပေါင်းစုံမှ အားကစားသမားများက ''ခတ''၊ ''ကုမိတဲ့''တစ်ဦးချင်း အသင်းလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြသည်။ 
 
'' ဒီပြိုင်ပွဲက နေပြည်တော်မှာ ကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ကရာတေးပြိုင်ပွဲအတွက်နဲ့ ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြုကစားသမား လူရွေးပွဲအတွက်လည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက အလားအလာရှိတဲ့ ကစား သမားတွေကို ရွေးချယ်ပြီး ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဒါကြောင့် ဒီလိုပြိုင်ပွဲ တွေကတစ်ဆင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေ ပေါ်ထွက်လာကြ တာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသ ကြီးကရာတေး ဆပ်ကော်မတီအတွင်း ရေးမှူး ဦးသန့်ဇင်က ပြောသည်။ 
 
ယင်းပြိုင်ပွဲကို ဇွန် ၁၆ ရက်အထိ စီနီယာ၊ ဂျူနီယာတန်းအသက် ၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ်အထက် ပြိုင်ပွဲ များဖြစ်ပြီး ပြိုင်ပွဲတွင်အသင်း ၂၀၊ အားကစားသမား ၁၃၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။ 
 
သတင်းနှင့်ဓာတ်ပုံ- အာကာစိုး

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95