spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

 
ဟုမ္မလင်း ဇွန် ၁၇
 
ဟုမ္မလင်းမြို့နယ်အတွင်း အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖလား U - 17 နှစ်အောက် ရပ်ကွက်/ကျေးရွာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဇွန် ၁၆ ရက် ညနေ ၄ နာရီက ဟုမ္မလင်းမြို့ မြို့မအားစားကွင်း၌ ကျင်းပသည်။
 
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်းခြောက်သင်းတို့သည် ဇွန် ၆ ရက်မှ ၁၆ ရက်အထိ အုပ်စုပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အထက(၁)နှင့် မြို့မအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ အထက (၁) အသင်းက လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
 
ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ပွဲစဉ်တစ်လျှောက်လုံး အကောင်းဆုံး အားကစားသမားဆုများ၊ ဒိုင်လူကြီးများအား အမှတ်တရ ဂုဏ်ပြုပေးအပ်ခြင်း၊ ပထမဆုရရှိသော အထက(၁)အသင်းသားများအား ငွေကျပ် နှစ်သိန်း၊ တံခွန်ဒိုင်းဆုနှင့် ဒုတိယဆု အသင်းသားများအား ဆုငွေကျပ်တစ်သိန်းခွဲ စသည့်ဆုများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူ များက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
 
လင်းလင်း (ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9F%E1%80%AF%E1%80%99%E1%80%B9%E1%80%99%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%81%E1%80%94%E1%80%BA%E1%80%B7%E1%80%81%E1%80%BD%E1%80%B2%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8B%E1%80%B9%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7