spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ထိုင်းနိုင်ငံ၌ကျင်းပမည့် အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်းထွက်ခွာ

ထိုင်းနိုင်ငံ၌ကျင်းပမည့် အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်းထွက်ခွာ

 
ရန်ကုန် ဇွန် ၁၈
 
ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် အရှေ့တောင် အာရှသက်ငယ်တန်းနှင့် သက်ကြီးတန်းအနောက်တိုင်းလှေလှော်ဖိတ်ခေါ် ပြိုင်ပွဲ အရှေ့တောင်အာရှ ကနူးလှေလှော် ဖိတ်ခေါ်ပြိုင်ပွဲ (2019 Southeast Asian Rowing and Canoeing Championship) သို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ အားကစားသမား များ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ် ကြောင်း သိရသည်။
 
 
 
အဆိုပါပြိုင်ပွဲ၌ မြန်မာအသင်းသည် အမျိုးသားတွင် LM1X, LM2X, M2 ပြိုင်ပွဲများ အမျိုးသမီးပြိုင်ပွဲ၌ LW1X , LW2X , W2တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ၌ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ လှေလှော်အားကစားအဖွဲ့သည် အသင်း အုပ်ချုပ်သူ ဦးခင်မောင်မြင့်၊ နည်းပြချုပ် ဦးကျော်ဝင်း၊ အင်္ဂလန်နှင့် ဟန်ဂေရီ နည်းပြများနှင့် အားကစားသမား ၁၅ ဦး တို့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ ကြကြောင်း သိရသည်။
 
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8C%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA