spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၀)ကြိမ်မြောက် အာဆီယံနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

(၂၀)ကြိမ်မြောက် အာဆီယံနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 
မန်တလေး ဇွန် ၁၉
 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မန်တလေးမြို့ မန်တလာ သီရိ အားကစားကွင်းရှိ Multipurpose Stadium တွင် ယမန်နေ့ ညနေ ၄ နာရီခွဲက ကျင်းပ ပြုလုပ်သည်။
 
အခမ်းအနားတွင် အမြန်ရွေ့ စစ်တုရင် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခြင်း၊ လျှပ်တစ်ပြက် စစ်တုရင် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုတံဆိပ်များအား တာဝန်ရှိသူ အသီးသီးက ဆုများပေးအပ်ချီးမြှင့်သည်။
 
 
ထို့နောက် ၂၀၂၀ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်မည့် ထိုင်းနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်သို့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ပြိုင်ပွဲအလံအား လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ဆုတံဆိပ် အများဆုံး ရရှိသည့် ဗီယက်နမ်အသင်းအား မန်တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က တံခွန်စိုက်ဒိုင်း ဆုအား ပေးအပ်ချီးမြှင့်သည်။
 
အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဇွန်လ ၉ ရက် မှ ယမန်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ စစ်တုရင် အားကစားသမား ၁၉၃ ဦး၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မလေးရှား၊ အိန်ဒိယနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ စစ်တုရင် အားကစားသမား ၂၃၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
 
ဆုချီးမြှင့်ပွဲသို့ မန်တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အာဆီယံနိုင်ငံများ စစ်တုရင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် နိုင်ငံအသီးသီး မှ နည်းပြများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
 
သန်းဇော်မင်း (ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9E%E1%80%80%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2