ရန်ကုန်၊ ဇွန်လ(၁၉)ရက်။
မေရစ်သျှနိုင်ငံ၌ ဇွန်လ(၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ FLEET Mauritius Internation Series 2019 ကြက်တောင်ရိုက်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာ က ချန်ပီယံ ဖလားနှင့် ပထမ ရှှေတံဆိပ်ဆု ရရှိပြီး ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ မြန်မာနို်င်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက််ကြ ဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ တာ၀န်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ များ က ကြိုဆိုနှုတ်ဆက်ကြသည်။
သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ကစားခဲ့ရပြီး ဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့်(၂၄)အဆင့်ရှိတဲ့ နိုင်ငံတကာပွဲအတွေ့အကြုံများပြီး ပွဲပေါင်း(၂၂၄)ပွဲ ကစားထား ရာမှ (၁၂၆)ပွဲ နိုင်ကာ (၁၁၈)ပွဲရှုံးနိမ့်ထားသည့် ဖင်လန်နိုင်ငံသူ အိုင်ရီမစ်ခီလာ ကို လတ်တလောကမ်ဘာ့်အဆင့်(၁၃၅)မှာရှိနေပြီး ပြိုင်ပွဲ(၄၈)ပွဲကစားထားပြီး (၃၃)ပွဲနိုင် (၁၅)ပွဲရှုံး နိမ့်ထားသူ သက်ထားသူဇာက ယခုပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက် တန်တန် ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အဆင့်သတ်မှတ်ချက်အရ သက်ထားသူဇာသည် ပထမအဆင့် ရှုံး/ထွက်ပြိုင်ပွဲမှ စတင်ယှဉျပြိုင်ခဲ့ရခြင်းဖြစ်သော်လည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ပထမ အဆင့်ရှုံးထွက်ပွဲစဉ်တွင် မောရစ်သျှကစားမယ်ကို(၂၁-၃၊၂၁-၁၀) မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (၁၆)ယောက်တွင် မလေးရှားအားကစားမယ်ကို(၂၁-၁၉၊၂၁-၁၆) မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ်၌ အိန်ဒိ်ယကစားမယ် ချူကာ ကို ပထမပွဲငယ်တွင် (၁၃မှတ်-၂၁မှတ်) ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်လက် ကျန်ပွဲများတွင်(၂၁-၁၉၊၂၁-၁၆) မှတ် (၂)ပွဲ(၁)ပွဲဖြင့် အနိုင်ပြန်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲတွင် ဖင်လန်နိုင်ငံသူ ကစားမယ် အိုင်ရီမစ်ကီလာ ကို(၂၁-၁၀၊၂၁-၁၉) မှတ်ဖြင့် (၂)ပွဲပြတ်အနိုင်ရရှိကာ ပထမချန်ပီယံရှှေတံဆိပ်ဆုကိုရရှိခဲ့သည်။ ယခုချန်ပီယံဆုသည် သက်ထားသူဇာ အတွက် (၄)ကြိမ်မြောက် ရရှိသည့် နိုင်ငံတကာချန်ပီယံဆုဖြစ်ကြောင်းသတင်း ရရှိသည်။