spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘက်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘက်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 
မန္တလေး ဇွန် ၁၉
 
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၈) နာရီက ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
 
ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အမျိုးသမီးပြိုင်ပွဲ၌ ဒုတိယဆုရရှိသော ချမ်းအေးသာစံ မြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီး ဘတ်စကတ်ဘော ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးရောဘတ်ချိုင်း က လည်းကောင်း၊ ပထမဆု ရရှိသော ချမ်းမြသာစည်မြိုနယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို အားကစားနှင့် ကာယ ပညာသိပ္ပံ (မန္တလေး) ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော် က လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ချမ်းမြသာစည်မြို့နယ် အသင်းအား တံဦးချင်း ဆုတံတဆိပ်နှင့် ငွေသားဆုတို့ကို တိုင်းဒေသကြီး ဘတ်စကတ်ဘော ဆပ်ကော်မတီ အတွင်းရေးမှူး ဦးသန်းထွေး က လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆု ရရှိသော ချမ်းအေးသာစံမြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးေ၀ဇင်တို့က လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ကြသည်။
 
ထို့နောက် အကောင်းဆုံး အားကစားသမားဆုများကို ချီးမြှင့်ရာ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမား ဆုရရှိသော ချမ်းမြသာစည်မြိုနယ်အသင်းမှ မောင်ကျော်လင်းအောင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမား ဆုရ ချမ်းအေးသာစံမြို့နယ်အသင်းမှ မနီနီအေးတို့အား အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်က ဆုချီးမြှင့်ပြီး ပထမဆုရရှိသော ချမ်းအေးသာစံမြို့နယ် အမျိုးသမီးအသင်းနှင့် ချမ်းအေးသာစံမြို့နယ် အမျိုးသားအသင်း တို့အား ပထမ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများကို မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိုင်းပန်းဆိုင်က ချီးမြှင့်ခဲ့သည်။
 
 
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲကို ဇွန်လ (၁၃) ရက်နေ့မှ (၁၈)နေ့ထိ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အမျိုးသားပြိုင်ပွဲတွင် ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်၊ အောင်မြေသာစံ၊ အမရပူရ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်တို့ ပါ၀င်ယှဉ်ပြိုင်ပြီး အမျိုးသမီးပြိုင်ပွဲတွင် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံ နှင့် မိုးကုတ်မြို့နယ်တို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
 
(ထွန်းထွန်းနိုင်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%98%E1%80%80%E1%80%BA%E1%80%85%E1%80%80%E1%80%90%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2