spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းပြ/ဒိုင်(မွမ်းမံ) နှင့် Myanmar Fitness Dance သင်တန်းဆင်းပွဲကျင်းပ

၂၀၁၉ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းပြ/ဒိုင်(မွမ်းမံ) နှင့် Myanmar Fitness Dance သင်တန်းဆင်းပွဲကျင်းပ

 
 
ရန်ကုန်၊ ဇွန်လ(၂၀)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြ/ဒိုင်(မွမ်းမံ)နှင့် Myanmar Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းသင်တန်း ခန်းမ ၌ကျင်းပရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက် ကြသည်။
 
 
 
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး(ကိုယ်စား) ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုလွင် က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များက သင်တန်းတွင် ထူးချွန်ပထမဆု၊ ဒုတိယဆု၊တတိယ ဆုနှင့်နှစ်သိမ့်ဆု ရရှိသူများ၊ သင်တန်းနည်းပြ နှင့်ကြီးကြပ်သူများအား အမှတ်တရဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့သည်။ 
 
 
ဆက်လက်၍သင်တန်းဆင်း သင်တန်းသူများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း သရုပ်ပြသကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရှိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%9B%E1%80%B1%E1%80%B8-%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%92%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%B6-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-myanmar