spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

လားရှိုး ၂၀  ဇွန်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက် ဖွင့်လှစ်ပေးသည်။
 
ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက ပြိုင်ပွဲဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးခဲ့ကြသော လုပ်ငန်းရှင်ကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းက ဖွင့်ပွဲအခမ်းအနား၌ သရုပ်ပြတီးခတ်ပေးသော အထက(၂)မှ ဘင်ခရာ တပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပေးသည်။
 
ခရိုင်ပေါင်းစုံပါဝင်သော ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားအမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ၌ အမျိုးသားအသင်း (၉)သင်း၊အမျိုးသမီးအသင်း(၄)သင်း ပါဝင် ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲအား ဇွန်လ (၂၀)ရက်နေ့မှ ဇွန်လ(၂၅)ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်းသိရပြီး ဇူလိုင်လ အတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်သော ပြည်နယ်နှင့်တိုင်းပေါင်းစုံ ဘတ်စကက်ဘော ပြိုင်ပွဲအား  လားရှိုးမြို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်းသိရှိရသည်။
 
 
ဟန်ဌေး(လားရှိုး)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%81%8A-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8