ရန်ကုန်၊ ဇွန်လ(၂၁)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြလေးစိန် ဦးဆောင်၍ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦး၀င်းထက်မွန်တို့အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ လော်ဇန်းမြို့၌ ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International Olympic Committee and official Opening of Olympic House သို့တက်ရောက်ရန်နှင့် မြန်မာ့အားကစားဥပဒေရေးဆွဲရေးအတွက် အပြည်ပြည်ဆိုင်ရာ အိုလပစ်ကော်မတီမှ ချမှတ်ထားသည့် မူဘောင်များနှင့်ကိုက်ညီစေရန်အတွက် NOC Relations Department Head of Institutional Relations and Governance မှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသဖြင့် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ည(၇)နာရီ (၄၅)မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။