နေပြည်တော်၊ ဇွန်လ(၂၆)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော ၂၀၁၉ ခုနှစ်၊ တတိယကြိမ်မြောက် အသက်(၂၃) နှစ်အောက် အာရှ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဆန်းနှင့် ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ၀န်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ် အရာရှိကြီးများနှင့် အားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ တက်ရောက် ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် အသက် (၂၃)နှစ်အောက် အာရှ အမျိုးသားကလပ်အသင်းများဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် (၃.၈.၂၀၁၉)ရက်နေ့မှ (၁၁.၈.၂၀၁၉) ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့် (C)တို့တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရ ခြင်း၏ ရည်ရွယ်ချက်မှာမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များ ဘော်လီဘောအားကစားနည်း ကိုစိတ်ပါ ၀င်စားလာစေရန်၊ ထူးချွန်ထက်မြက်၍ နိုင်ငံ့ဂုဏ်ဆောင် ဘော်လီဘောမျိုးဆက်သစ်အားကစားသမား များပေါ်ထွက်လာစေရန် ရည်ရွယ်ပါ ကြောင်း၊ ယခုပြိုင်ပွဲသို့ မြန်မာ၊ သြစတြေးလျ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ထိုင်း၊ ဗီယက်နမ်၊ နယူးဇီလန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ကာဇက်စတန်နိုင်ငံများအား ဖိတ်ကြားထားရှိရာ ယနေ့အချိန်ထိ Entry By Name (၁၃)သင်းအား လက်ခံရရှိထားပြီးဖြစ်ပါကြောင်း၊ နောက်ထပ်(၃) နိုင်ငံစာရင်းအတည်မပြုရသေးပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း ဒိုင်/ဂျူရီများ၊ အားကစားသမားများ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်/ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ် များ၊ အားကစားပြိုင်ပွဲအား Sports Channel များတွင် ထုတ်လွှင့်နိုင်ရေး Live များဖြင့် တိုက်ရိုက်ထုတ်လွှင့်နိုင်ရေးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ပါ၀င်နိုင်ရေးဆိုင်ရာကိစ္စရပ်များတွင် အဖက်ဖက်မှ လစ်ဟင်းမှုမရှိစေရေး၊ သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း၊ ပြိုင်ပွဲများအား လက်ခံကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်၏ ပုံရိပ် တစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ၀ိုင်း၀န်းကူညီဆောင်ရွက်ပေးဖို့လိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသိန်း၀င်းမှ ဆွေးနွေးရာတွင် ယခုပြိုင်ပွဲအား ပြိုင်ပွဲ၀င် (၁၆)သင်းအတည်ပြုထားပါကြောင်း၊ ထူးထူးခြားခြားအစီအစဉ်မှာ Video Challenge System ပါ၀င်မည်ဖြစ်ပါကြောင်း၊ MRTV ရုပ်သံလိုင်းတွင် တိုက်ရိုက် Live ပြသမည်ဖြစ်ပြီး Sky Net ရုပ်သံလိုင်းများတွင် Live ပြသနိုင်ရေးသွယ်ထားရှိမှုများ၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင် စီစဉ်ထားရှိမှုများအား ရှင်းလင်းပြော ကြားပါသည်။
ထို့နောက် အစည်းအေ၀းသို့ တက်ရောက်လာကြသော ၀န်ကြီးဌာနအသီးသီးမှ တာ၀န်ရှိသူများမှ မိမိတို့ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြရာ အားကစားကွင်း/ရုံများအား ပြိုင်ပွဲကာလ အချိန်မီပြုပြင်ဆောင်ရွက်သွားရန်၊ အားကစားလေ့ကျင့်ရေးကွင်း အဆင်ပြေရရှိနိုင်ရေးအား ဆောင်ရွက် သွားရန် ရှင်းလင်းပြောကြား၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့ချုပ် တာ၀န်ရှိသူများမှ လိုအပ်သည် များကို အကြံပြုဝိုင်း၀န်းဆွေးနွေးခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။