spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

 
 
ရန်ကုန်၊ ဇွန်လ(၂၆)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များလိုက်ပါ လျက် ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အပြည်ပြည် ဆိုင်ရာ သေနတ်ပစ်အားကစားရုံသို့ ရောက်ရှိရာ ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲ ကိုဇွန်လ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်တိုင်းတို့မပါ၀င်ဘဲ ကျန်ပြည်နယ်နှင့်တိုင်း(၁၁)သင်းမှ ပြိုင်ပွဲ၀င်ကစားသမား ဦးရေ(၁၅၂)ဦးယှဉ်ပြိုင်ကစားကြသော 25m. 22 Pistol အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ 10m Air Pistol  အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ 10m Air Rifle အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ များကိုကြည့်ရှုအားပေးကာ  ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ မသန်စွမ်း လေ့ကျင့်ရေးစခန်း သို့ရောက်ရှိရာ အားကစားသမားများ ၏ စားရိပ်သာ၊ နားနေခန်း၊ လေ့ကျင်ရေးအားကစားရုံ တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ  မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်သို့ သွားရောက်ကာ မြန်မာ့သိုင်း သင်တန်းကျောင်း ဣဒ္ဓိမာန်အောင် သင်တန်းခန်းမသစ်သို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA