spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲများအပြီး မန္တလေးတိုင်းဒေသကြီးအသင်းမှ ပထမရရှိ

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲများအပြီး မန္တလေးတိုင်းဒေသကြီးအသင်းမှ ပထမရရှိ

 
နေပြည်တော်၊ ဇွန်လ(၂၇)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ယနေ့နံနက် (၉:၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လာရောက်ကြည့်ရှုအားပေးရာ အမျိုးသား(၃)ယောက်တွဲအသင်းလိုက်ပြိုင်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၂း၁)ဖြင့်လည်း ကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပါသည်။
 
ဆက်လက်၍ တတိယလုပွဲအဖြစ် ကချင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းအား (၂:၁)ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အသင်းအား (၂:၁)ဖြင့်လည်းကောင်း အနိုင်ရဗိုလ်စွဲသွားပါသည်။
 
 
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၂၅.၆.၂၀၁၉)ရက်နေ့ မှ (၅.၇.၂၀၁၉)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစား ရုံ(A)တွင် နေ့စဉ်နံနက် (၉:၀၀)နာရီ မှစ၍ အမျိုးသား /အမျိုးသမီး (၂)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများ၊ အမျိုးသား(၃) ယောက်တွဲအသင်းလိုက်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2