spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

 
နေပြည်တော်၊ ဇွန်လ(၂၈)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ယနေ့နံနက် (၉:၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပ ပြုလုပ်ရာ အမျိုးသား/အမျိုးသမီး(၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
 
အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများအဖြစ် ရခိုင်ပြည်နယ်အသင်းမှ ကယား ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မန္တလေးတိုင်းဒေသကြီး အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းအား (၂:၁) ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ချင်းပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း ၊ ကချင် ပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းအား (၂:၁)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပြီး ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျှက်ရှိပါသည်။
 
 
 
ဆက်လက်၍ အမျိုးသမီး(၄)ယောက်တွဲပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်း ဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းအား (၂း၀)ဖြင့်လည်းကောင်း၊ ဧရာ၀တီတိုင်း ဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ မကွေးတိုင်း ဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်း ဒေသကြီး အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊  ရှမ်းပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့် လည်းကောင်း၊  အသီးသီးအနိုင်ရရှိပြီး ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရှိရပါသည်။
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၀ဏ္ဏသိဒ္ဓိအားကစား ရုံ(A)တွင် (၂၉.၆.၂၀၁၉)ရက်နေ့ပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး(၄)ယောက်တွဲ အဖွဲ့လိုက် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-0