နေပြည်တော်၊ ဇွန်လ(၃၀)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(ဗ)၌ ကျင်းပ ပြုလုပ်ရာ အမျိုးသမီး(၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲအဖြစ် မွန်ပြည်နယ်အသင်းမှ စစ်ကိုင်းတိိုင်း ဒေသကြီးအသင်းအား (၂:၁)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဧရာ၀တီတိုင်း ဒေသကြီးအသင်းအား (၂:၁)ဖြင့်လည်းကောင်း အနိုင်ရဗိုလ်စွဲသွားပါသည်။
ဆက်လက်၍ အမျိုးသား(၄)ယောက်တွဲအဖွဲ့လိုက် တတိယလုပွဲအဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းအား (၂:၁)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ အဖြစ် ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား (၂:၁)ဖြင့် လည်းကောင်း အနိုင်ရဗိုလ်စွဲသွားပါသည်။
ထို့နောက် အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစား လျက် ရှိပါသည်။ အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၂၅.၆.၂၀၁၉)ရက်နေ့ မှ (၅.၇.၂၀၁၉)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစား ရုံ(A)တွင် နေ့စဉ်နံနက် (၉:၀၀)နာရီ မှစ၍ အမျိုးသား /အမျိုးသမီး (၂)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများ၊ အမျိုးသား(၃) ယောက်တွဲအသင်းလိုက်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။