spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် သေနတ်ပစ် နှင့် ဝူရှူးပြိုင်ပွဲများကျင်းပ

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် သေနတ်ပစ် နှင့် ဝူရှူးပြိုင်ပွဲများကျင်းပ

 
ရန်ကုန်၊ ဇူလိုင်လ(၁)ရက်။ 
 
၂၀၁၉ခုနှစ်၊အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်း အမှတ် သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နေ့လည်(၁)နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်း ၌ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ သိပ်္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုး၀င်း၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ ဆုရအားကစားသမား များတက်ရောက်ကြသည်။
 
 
ပြိုင်ပွဲအပြီးတွင် အမျိုးသား(၁၀)မီတာ လေပစ်စတို၊ အမျိုးသား(၁၀)မီတာရိုင်ဖယ် ၊ အမျိုးသမီး(၁၀)မီတာလေပစ်စတို၊ အမျိုးသမီးလေရိုင်ဖယ်၊ အမျိုးသား(၂၅)မီတာလေပစ်စတို၊ အမျိုးသမီး (၂၅) မီတာလေပစ်စတိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့လွှတ်တော်ဒုတိယဥက်္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အားကစားနှင့်ကာယ ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယ ပညာ သိပ်္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုး၀င်း၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များကအသီးသီးဆုများကိုပေးအပ် ချီးမြှင့်ခဲ့ကြသည်။ 
 
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ်္ပံ (ရန်ကုန်)ကျိုက္ကဆံကွင်းရှိ ဝူရှူး အားကစားလေ့ကျင့်ရေးရုံ၌အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်သက်ငယ်တန်း ဝူရှူးပြိုင်ပွဲများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဒေါပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးအောင်ဒင်၊အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ်္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာ၀န်ရှိသူများ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်ခင်ခင်လေးနှင့် အမှုဆောင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ ဝူရှူးပြိုင်ပွဲတွင် (၅)နှစ်၊ (၁၀)နှစ်၊ (၁၄)နှစ် နှင့် (၁၅)နှစ်အောက် သက်တန်း လိုက်ပြိုင်ပွဲ များ၌ ဆုရရှိသူများအား အသီးသီး ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9E%E1%80%B1%E1%80%94%E1%80%90%E1%80%BA%E1%80%95%E1%80%85%E1%80%BA-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95