spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲ ပြိုင်ပွဲများကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိိိယ၀န်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်ကြည့်ရှုအားပေး

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲ ပြိုင်ပွဲများကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိိိယ၀န်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်ကြည့်ရှုအားပေး

 
 
နေပြည်တော်၊ ဇူလိုင်(၂)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ယနေ့နံနက် (၉:၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများတက်ရောက် ကြည့်ရှု အားပေးကြပါသည်။ 
 
ဆက်လက်၍ အမျိုးသား(၂)ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အသင်းအား (၂း၁)ဖြင့်လည်းကောင်း၊  တတိယလုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းအား (၂း၁)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း အနိုင်ရဗိုလ်စွဲသွားပါသည်။
 
 
အမျိုးသမီး(၂)ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် ကရင်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းအား (၂:၁)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊  တတိယလုပွဲအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီး အသင်း အား (၂:၀)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၁)ဖြင့်လည်းကောင်း အနိုင်ရဗိုလ်စွဲသွားပါသည်။
 
ထို့နောက် အမျိုးသား/အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက် ရှိကြောင်းသိရှိရပါသည်။
 
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၃.၇.၂၀၁၉)ရက်နေ့ ပြိုင်ပွဲများအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် နံနက် (၉:၀၀)နာရီမှစ၍ အမျိုးသား/အမျိုးသမီး(၃) ယောက်တွဲပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါ ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ပါကြောင်း သိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%81%82%E1%80%9A%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%BD%E1%80%B2