spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ

၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ

 
နေပြည်တော် ၂  ဇူလိုင် 
 
၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင်  ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပသည်။
 
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲများ ကျင်းပပေးပြီး ထူးချွန်ထက်မြက်သောကစားသမားများကို ပြည်ထောင်စုနယ်မြေ လက်ရွေးစင်အဖြစ် ရွေးချယ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားစေမှာဖြစ်ကြောင်းနှင့်  ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် မြို့နယ်တစ်ခုနှင့်တစ်ခု မတူကွဲပြားသော အားကစားနည်းစနစ်များ ရရှိတိုးပွားစေမှာဖြစ်သည့်အပြင် အားကစား သမားများအချင်းချင်း စုစည်းတွေ့ဆုံး၍ ချစ်ခင်ရင်းနှီးတွေ့ဆုံးစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်ပြီး ယခုပြိုင်ပွဲမှတဆင့် မြို့နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး  ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ 
 
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အတူ နေပြည်တော် ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ ဦးညီထွန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
 
 
ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိ်ုင်ကစားကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် အာကစားဝါသနာရှင် ပြည်သူများတက်ရောက်အားပေးကြသည်။
 
၂၀၁၉ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို  နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှ ဘောလုံးလက်ရွေးစင် အားကစားသမားများပါဝင်ယှဉ်ပြိုင်ကာ၊ ဇူလိုင် ၁၈  ရက်တွင်  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
စိုးမိုး(ပြန်/ဆက်) 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6