spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၁၆)ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီး(၄၅-၄၉) ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးဦး (တနင်္သာရီ)မှလည်းကောင်း၊ အမျိုးသမီး(၄၉-၅၃) ကီလိုတန်းပြိုင်ပွဲတွင် ရွှေဥ (မွန်) မှလည်းကောင်း၊ အမျိုးသမီး(၅၃-၅၇)ကီလိုတန်းတွင် မေဇင်ဦး (ရန်ကုန်)မှလည်းကောင်း၊ အမျိုးသမီး(၅၇-၆၁)ကီလိုတန်းတွင် နီလာထွန်း(ပဲခူး) မှလည်းကောင်း၊ အမျိုးသမီး(၆၁-၆၅)ကီလိုတန်းတွင် နန်းဆိုင်လောင်ဝ်(ရှမ်း) မှလည်းကောင်း၊ အမျိုးသား(၄၅-၄၉) ကီလိုတန်းတွင် ဖြိုးထက်ကိုကို(မန္တလေး)မှလည်းကောင်း၊ အမျိုးသား(၄၉-၅၃)ကီလိုတန်းတွင် အောင်ဇော်သက်(ပဲခူး) ၊ အမျိုးသား(၆၁-၆၅)ကီလိုတန်းတွင် စည်သူအောင်(ပဲခူး)နှင့် ဇော်နိုင်ထွန်း (ရခိုင်) တို့မှလည်းကောင်း၊ အမျိုးသား(၆၅-၆၉)ကီလိုတန်းတွင် နိုင်ထွန်း(ရန်ကုန်)နှင့်ဇင်မင်းဦး(ပဲခူး) တို့မှလည်းကောင်း၊ အမျိုးသား(၆၉)ကီလိုအထက်တွင် အွမ်မင်းဟာ(ချင်း)နှင့် ဟိန်းဇေယျာစိုး(မန္တလေး) တို့မှလည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
 
 
ဆက်လက်၍ ဓါးသိုင်းအတိုက်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ (ဓါး-၁) အမျိုးသမီး(၄ဝ-၄၅) ကီလိုတန်းပြိုင်ပွဲတွင်  မိုးပွင့်ဖြူ(မွန်)မှလည်းကောင်း၊ (ဓါး-၁)အမျိုးသမီး(၄၅-၅ဝ)ကီလိုတန်း ပြိုင်ပွဲတွင်  သန်းသန်းဌေး(စစ်ကိုင်း) မှ လည်းကောင်း၊ (ဓါး-၁)အမျိုးသမီး(၅ဝ-၅၅)ကီလိုတန်းပြိုင်ပွဲတွင် မြတ်နိုးဝေ (စစ်ကိုင်း)မှလည်းကောင်း၊ (ဓါး-၂)အမျိုးသမီး(၄၅-၅ဝ)ကီလိုတန်းပြိုင်ပွဲတွင် မွန်မွန်ကျော်(စစ်ကိုင်း) မှလည်းကောင်း၊  အမျိုးသမီး(ဓါး-၂)(၅ဝ-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ရိုစီ(ရှမ်း) မှလည်းကောင်း၊ (ဓါး-၁) အမျိုးသား(၄ဝ-၄၅)ကီလိုတန်းပြိုင်ပွဲတွင်ကိုလင်း(ပဲခူး)မှလည်းကောင်း၊ (ဓါး-၁) အမျိုးသား(၄၅-၅ဝ) ကီလိုတန်းပြိုင်ပွဲတွင် နေလင်းဦး(ပဲခူး)မှလည်းကောင်း၊ (ဓါး-၁) အမျိုးသား(၅ဝ-၅၅) ကီလိုတန်း ပြိုင်ပွဲတွင် ဇေယျာဝင်း(ရန်ကုန်)နှင့် လွင်မိုးအောင် (ပဲခူး) တို့မှလည်းကောင်း၊ (ဓါး-၂) အမျိုးသား(၄၅-၅ဝ) ကီလိုတန်းပြိုင်ပွဲတွင် ထိန်လင်းအောင်(ပဲခူး)မှလည်းကောင်း၊ (ဓါး-၂) အမျိုးသား (၅ဝ-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ကျော်ဇင်သက်(ပဲခူး)မှလည်းကောင်း၊ (ဓါး-၂)အမျိုးသား(၅၅-၆ဝ) ကီလိုတန်း ပြိုင်ပွဲတွင်စိုင်းနောင်(ရှမ်း)နှင့် မြတ်မင်းသော် (ရန်ကုန်)တို့မှလည်းကောင်း အသီးသီး အနိုင်ရရှိ သွားပါသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၁၈.၁၂.၂ဝ၁၇) ရက်နေ့အထိ နေ့စဉ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-1