spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝှူရှူးပြိုင်ပွဲတွင် အားကစားသမား၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝှူရှူးပြိုင်ပွဲတွင် အားကစားသမား၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်

 
 
ရန်ကုန် ၂ ဇူလိုင်
 
မြန်မာနိုင်ငံဝှူရှူးအဖွဲ့ချုပ်မှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝှူရှူးပြိုင်ပွဲကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၁ ရက်အထိ ရန်ကုန်မြို့အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ဝှူရှူး လေ့ကျင့်ရေးခန်မ၌ ကျင်းပခဲ့ရာ အားကစားသမား ၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 
 
အဆိုပါပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီး သက်တန်းလိုက် လူသစ်တန်း၊ လူဟောင်းတန်း၊  အလွတ်တန်းတွင် ထိုက်ချိကျန့်သောင်းစု၊ ကျန့်စုနန်းသောင်း၊ ကွန့်စု၊ နန်းကွန့်ချန်စု အားကစာနည်းများ ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊  တတိယဆုရရှိသူများအား မြန်မာနိုင်ငံဝှူရှူးအဖွဲ့ချုပ် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဦးသစ္စာ၊ ဥက္ကဋ္ဌဒေါ်ခင်ခင်လေး ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)  ဒုတိယကျောင်းအုပ်ကြီး ဦဗလကျော်သူနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
 
ယင်းပြိုင်ပွဲသည် လူငယ်လူရွယ်များ သိရှိလာစေရန်အတွက် ပြိုင်ပွဲများ စဉ်ဆက်မပျက် ကျင်းပနိုင်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နွေရာသီအားကစားသမား သင်တန်းသား၊ သင်တန်းသူများ အားကစားနှင့် ကာယပညာသိပ္ပံ    (ရန်ကုန်) ကလပ်အသင်းများမှ အားကစားသမား မောင်မယ်များ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။       
 
အေကေလင်း

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9D%E1%80%BE%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%81%82%E1%81%80%E1%80%9D-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA