spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆွစ်ဇာလန်နိုင်ငံ၊ လော်ဇန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီရုံးချုပ်သို့ မြန်မာအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် မြန်မာနိုင်ငံအားကစားဉပဒေပြဌာန်းရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဆွစ်ဇာလန်နိုင်ငံ၊ လော်ဇန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီရုံးချုပ်သို့ မြန်မာအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် မြန်မာနိုင်ငံအားကစားဉပဒေပြဌာန်းရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

နေပြည်တော်၊ ဇူလိုင်လ (၃) ရက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)ရှိ  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ဒုတိယဉက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် နှင့်အဖွဲ့ (၂၀၁၉) ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ၊လော်ဇန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီရုံးချုပ်သို့ မြန်မာအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် မြန်မာနိုင်ငံအားကစား ဉပဒေပြဌာန်းရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံရှင်းလင်းပွဲ” သို့တက်ရောက်ခဲ့ပါသည်။

 

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ရှင်းလင်းတင်ပြရာတွင် ဆွစ်ဇာလန်နိုင်ငံ၊ လော်ဇန်းမြို့၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Council)မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နှစ်ပတ်လည်အခမ်းအနားနှင့်အိုလံပစ်ရုံးချုပ် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးမှဦးဆောင်၍ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ် ဒုတိယဉက္ကဌနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးမှတာဝန်ရှိသူတစ်ဦးတို့ အဖွဲ့ဝင်အဖြစ်ဇွန်လ (၂၀)ရက်နေ့မှ (၂၅)ရက်နေ့ အထိ လိုက်ပါတက်ရောက်ခဲ့ပါကြောင်း၊

 

ထိုကာလအတွင်းInternational Olympic Council (IOC) မှ နိုင်ငံတကာဆက်ဆံရေး တာဝန်ခံအရာရှိ Mr. Jerome နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေးကိစ္စရပ်များနှင့် မြန်မာ့အားကစားဉပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဖွဲ့ဝင်အဖြစ်လိုက်ပါသူ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်မှ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် Olympic Solidarity Program မှတာဝန်ခံအရာရှိနှင့်တွေ့ဆုံ၍ International Olympic Council (IOC)မှ (NOC) အိုလံပစ်အဖွဲ့ဝင် နိုင်ငံအသီးသီးသို့ စီမံချက်လုပ်ငန်းအလိုက် ထောက်ပံ့ပေးအပ်လျှက်ရှိသော အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခဲ့ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

  • ဤကဲ့သို့ Olympic Solidarity Program မှ နိုင်ငံအသီးသီးရှိ အိုလံပစ်ကော်မတီများသို့ ပေးအပ်နေသည့် ပံ့ပိုးမှုများ၊ ပညာတော်သင်အခွင့်အလမ်းများကို သိရှိရယူနိုင်ရေးအတွက် အင်တာနက်ကွန်ရက်ကို အသုံးပြု၍ စောင့်ကြည့်လေ့လာမည့် အဖွဲ့တစ်ခုဖွဲ့စည်း၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
  • နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် အားကစားဥပဒေ (Sports Law) ထွက်ပေါ်လာခြင်းဖြင့် အားဖြည့်လုပ်ဆောင်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းများကို သိရှိလုပ်ဆောင်နိုင်ပြီး နိုင်ငံတော်၏ ပံ့ပိုးမှုများကိုလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊
  • အိုလံပစ်ရန်ပုံငွေများကိုလည်း လက်ရှိရရှိမှုအခြေအနေ၊ အသုံးပြုမှုအခြေအနေများကို ဆန်းစစ်၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
  • ပညာတော်သင်အခွင့်အလမ်းများကို ရယူလျှောက်ထားနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်း၊ အားကစားသမားများနှင့် နည်းပြများအနေဖြင့်လည်း အင်္ဂလိပ်ဘာသာစကားကို ပိုမိုကျွမ်းကျင်တတ်မြောက်စေရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ ဦးစီးဌာနအနေဖြင့်လည်း  ပံ့ပိုးမှုများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
  • အားကစားကဏ္ဍကြီး စနစ်တကျဖြင့် ပိုမိုအောင်မြင်ဖြစ်ထွန်းလာစေရေးဝန်ကြီးဌာန၊ အားကားအဖွဲ့ချုပ်အသီးသီးနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများအားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။  

 ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%BD%E1%80%85%E1%80%BA%E1%80%87%E1%80%AC%E1%80%9C%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8A-%E1%80%9C%E1%80%B1%E1%80%AC%E1%80%BA%E1%80%87%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%9B%E1%80%BE%E1%80%AD-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7