spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဟားခါးမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟားခါးမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 
 
ဟားခါး ၃ ဇူလိုင် 
 
၂၀၁၉ ခုနှစ် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)မှ ကြီးမှူးကျင်းပသည့် ဟားခါးမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ ကျင်းပရာ ဈေးဟောင်းဘောလုံးအသင်းက မြို့သစ်ဘောလုံးအသင်းအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိ ဗိုလ်စွဲခဲ့သည်။
 
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံးဆုများ၊ ဒုတိယဆုရရှိသည့် မြို့သစ်ရပ်ကွက်အသင်းအား ငွေတံဆိပ်ဆုနှင့် ငွေသားဆု၊ ပထမဆုရရှိသည့် ဈေးဟောင်း ရပ်ကွက်အသင်းအား ရွှေတံဆိပ်နှင့် ငွေသားဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ပထမဆုရရှိသည့် ဈေးဟောင်းဘောလုံးအသင်းအား ဟားခါးမြို့နယ်ဘောလုံးဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က ပထမဒိုင်းဆုဖလားကို ချီးမြှင့်ခဲ့သည်။
 
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟားခါးမြို့ပေါ်ရပ်ကွက်များမှ အသင်းပေါင်း (၆)သင်းတို့က ဇွန် ၂၄ ရက်မှ ဇူလိုင် ၃ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
 
 
ခရိုင်(ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9F%E1%80%AC%E1%80%B8%E1%80%81%E1%80%AB%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8B%E1%80%B9%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%89%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2