spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများ တိုင်းဒေသကြီး ပြည်နယ် ၁၀ ခုတွင်ကျင်းပမည်

အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများ တိုင်းဒေသကြီး ပြည်နယ် ၁၀ ခုတွင်ကျင်းပမည်

 
မန္တလေး ၃ ဇူလိုင်
 
 
အသက် ၁၄ နှစ်အောက် လူငယ်များ ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး ပြည်နယ် ၁၀ ခုတွင် ကျင်းပမည်ဖြစ်ပြီး လက်ရွေးစင် အားကစားသမားများကို ရွေးချယ်မည်ဖြစ်ကြောင်း Myanmar National League မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။
 
 
အသက် ၁၄ နှစ်လူငယ်များဘောလုံးပြိုင်ပွဲကို အခုလ ၄ ရက်မှာ မန္တလေးမြို့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ရန်ကုန် ၊ စစ်ကိုင်း ၊ မကွေး ၊ ကရင် ၊ ရှမ်း ၊ ပဲခူး ၊ မွန် ၊ ဧရာဝတီ ၊ ရခိုင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
 
‘အကောင်းဆုံး ကိုယ်စားပြုအသင်းအတွက်ရွေးမယ်။ ရွေးပြီးရင် ရန်ကုန်မှာ နိုဝင်ဘာ တတိယပတ်ကနေ ဒီဇင်ဘာကြားမှာ ကျင်းပမယ့် MFF Under 14 Cup မှာ ပြည်နယ်တိုင်း ကိုယ်စားပြုလက်ရွေးစင်တွေပြိုင်မယ်။ အဲဒီမှာ တကယ်ထူးချွန်တဲ့ကလေးတွေဟာ မြန်မာ့လက်ရွေးစင်အသင်း ကိုယ်စားပြုခွင့်ရမယ်’ဟု Myanmar National League ၏အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။  
 
 
အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးပြည်နယ် ၁၀ ခုတွင် ကျင်းပမည်ဖြစ်ပြီး ဒေသတစ်ခုချင်းစီတွင် အသင်း ၁၂ သင်းခွဲကာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အသင်း ၁၂ သင်းတွင် ပြိုင်ပွဲကာလ ၉ ရက်ကြာမြင့်မည်ဖြစ်ပြီး တိုင်းဒေသကြီး ပြည်နယ် ၁၀ ခု တွင် အောက်တိုဘာလအတွင်း ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
 
 
တိုင်းဒေသကြီး ပြည်နယ်အလိုက် ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၅ သိန်း၊ တတိယဆု ငွေကျပ် ၂ သိန်း ဆုချီးမြှင့်မည်ဖြစ်ပြီး အကောင်းဆုံးဘောလုံး သမားဆု၊ ဂိုးသွင်းအများဆုံးဆုများရွေးချယ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အသက် ၁၄ နှစ်အောက်လူငယ်ဘောလုံးအားကစားသမားပေါ်ထွက်လာရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စနစ်တကျ ဆောင်ရွက်မှုကို ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၀ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုလုံးတွင်း ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အိမို့မို့ခိုင်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%81%E1%81%84-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%81%81%E1%81%80-%E1%80%81%E1%80%AF%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA