spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးတိုင်းဒေသကြီးအဆင့် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီးအဆင့် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 
မန္တလေး ဇူလိုင် ၃
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့က အခြေခံပညာဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၁၉ ခုနှစ် လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ် အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မ္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ မန္တလာသီရိ နိုင်ငံတကာအဆင့်မြင့် အားကစားကွင်း၌ ကျင်းပရာ မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား 
အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အမှာစကားပြောကြား ပြီး MPT မှ ဈေးကွက်ရေးရာဌာန၏ ဒုတိယအထွေထွေ မန်နေဂျာ ဦးခင်မောင်မြင့်နှင့် Myanmar Brewery Limited Deputy Managing Director Mr. Kazu Fumi Nakagima တို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။
 
ထို့နောက်၂၀၁၉ ခုနှစ် လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ်နှင့် ဧည့်သည်တော်ကြီးများက ကွင်းအတွင်း ဘောလုံးများကန်သွင်း၍ ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ်နှင့် ဧည့်သည်တော် များ၊ တာဝန်ရှိသူများက လူငယ်ဘောလုံးပွဲတော်တွင် ပါဝင် ကြသည့် ကလေးငယ်များနှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲဝင် အသင်း သားများအား လိုက်လံနှုတ်ဆက်အားပေးကာ စုပေါင်း အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
 
ယင်းနောက် ကလေးငယ်များအတွက် MPT နှင့် မြန်မာ ဘရူဝါရီလီမိတက်မှ တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ဘောလုံးများ ပေးအပ် လှူဒါန်းသည်။
 
ထို့နောက် လူငယ်ဘောလုံးပွဲတော် အစီအစဉ်များ ဆက်လက်ပြုလုပ်အပြီးတွင် ပါဝင်ဆင်နွှဲခဲ့ကြသော ကလေးငယ် များအား အသိအမှတ်ပြုလက်မှတ်နှင့် အစားအစာများ၊ ကော်ဖီ၊ အအေးနှင့် ရေသန့်များ ပေးအပ်ခဲ့ကြသည်။
 
လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် ကလေးများ ဘောလုံးပြိုင်ပွဲ ၂၀၁၉ ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု (မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်)တို့တွင် ကျင်းပသွား မည်ဖြစ်သည်။Myanmar Care မှ ဘောလုံးအင်္ကျီအစုံ ၂၅၀၊ ကျောပိုးအိပ် ၂၅၀၊ ထီး၂၅၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုစီအတွက် ဘောလုံး ၁၀၀၊ ဘောလုံးသင်တန်းပို့ချပေးမည့် ဆရာ ဆရာမများအတွက် အားကစားအပေါ်ထည်ဝတ်စုံများ၊ အကောင်းဆုံးကစားသမားများအတွက် အထူးလက်ဆောင်များ ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်သည်။ မြန်မာဘရူဝါရီလီမိတက် ကရုဏာရှေးရှု မြန်မာမူ Myanmar Care အနေဖြင့် ချမှတ်ထားသော ရည်မှန်းချက်များတွင် ကျန်းမာသောလူနေမှု ဘ၀ကို မြှင့်တင်ပေးရမည့်အချက်ပါဝင်ပြီး မြန်မာနေရှင်နယ်လိဂ် မှ ဦးဆောင်ကျင်းပသည့် ကလေးငယ်များ အားကစားပွဲတော်နှင့် အသက် ၁၄ နှစ်အောက် လူငယ်ကလေးများ ဘောလုံးပြိုင်ပွဲကို မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သည့် ကလေးငယ်များတွင် အားကစား ချစ်မြတ်နိုးစိတ်များ ပေါ်ပေါက်လာစေရန်နှင့် တိုင်းပြည်အတွက် အားထားပြုစရာ အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 
တင်မောင်(မန်းကိုယ်ပွား)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A1%E1%80%86%E1%80%84%E1%80%B7%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95