နေပြည်တော်၊ ဒီဇင်ဘာ(၁၇)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ အသင်းလိုက်စွမ်းရည်ပြ(၁+၂) ၊ (ကျား/မ) ပြိုင်ပွဲ အဖြစ် ယှဉ်ပြိုင်ကစားကြရာတွင် ရှမ်းပြည်နယ်အသင်းမှ ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဒုတိယ နှင့် မွန်ပြည်နယ်အသင်းမှ တတိယဖြင့်လည်းကောင်း၊ စွမ်းရည်ပြ(၁+၄) ၊ (ကျား) ပြိုင်ပွဲ အဖြစ် ယှဉ်ပြိုင်ကစားကြရာတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပထမ ၊ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ဒုတိယ ၊ရှမ်းပြည်နယ်အသင်းမှ တတိယဖြင့် လည်းကောင်း၊ စွမ်းရည်ပြ(၁+၅) ၊ (ကျား) အချုပ်အဖြည်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပထမ ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တတိယဖြင့် လည်းကောင်း၊ (၆၃) နည်းပညာပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ တတိယဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။

ဆက်လက်၍ ဓါးသိုင်းအတိုက်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ (ဓါး-၂)လတ် အမျိုးသမီး(၅ဝ-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ရိုစီ(ရှမ်း) နှင့် ခင်သစ္စာအောင်(စစ်ကိုင်း)တို့ ယှဉ်ပြိုင်ကစားကြရာ ရိုစီ(ရှမ်း) မှ လည်းကောင်း၊ (ဓါး-၂)လတ် အမျိုးသား(၅၅-၆ဝ) ကီလိုတန်းပြိုင်ပွဲတွင် စိုင်းနောင့်(ရှမ်း)နှင့် မြတ်မင်းသော်(ရန်ကုန်) တို့ယှဉ်ပြိုင်ကစားကြရာ စိုင်းနောင့်(ရှမ်း) မှလည်းကောင်း၊ (ဓါး-၁) အမျိုးသား (၅ဝ-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ဇေယျာဝင်း (ရန်ကုန်)နှင့် လွင်မိုးအောင်(ပဲခူး)တို့ ယှဉ်ပြိုင်ကစားကြရာ လွင်မိုးအောင်(ပဲခူး) မှလည်းကောင်း အသီးသီး အနိုင်ရရှိ သွားပါသည်။
ဆက်လက်၍ ပထမနေ့ ဆုပေးပွဲအဖြစ် ဗန်တိုအတိုက်ပြိုင်ပွဲ (ကျား/မ) ၊ (ဓါး-၁)လတ် အတိုက်ပြိုင်ပွဲ(ကျား/မ) ၊ (ဓါး-၂)လတ် အတိုက်ပြိုင်ပွဲ (ကျား/မ) ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြန်မာနို်ငံ မြန်မာ့သိုင်းအဖွဲ့ချုပ်တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၁၈.၁၂.၂ဝ၁၇) ရက်နေ့ နေ့လည်(၁းဝဝ)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ြ)ရုံ၌ ဆုပေးပွဲများကျင်းပမည် ဖြစ်ပါ သဖြင့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။