spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကျင်းပ

စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကျင်းပ

 

ရန်ကုန် ၆ ဇူလိုင်

စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိပ်ညွန့်(စံပြ)ရပ်ကွက် မြို့ပတ်လမ်း သာသနာ့ဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျောက်မြောင်း စစ်တုရင်ကလပ်နာယက ပုသိမ်ညွန့်(စံပြ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်းဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲနှင့်ပက်သက်၍ ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ကျောက်မြောင်းစစ်တုရင်ကလပ်ဥက္ကဋ္ဌ ဦးဝင်းဌေးက ရွေ့ချက်အား ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

 

အဆိုပါပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့မှ စုစုပေါင်း ကလပ် ၁၆ သင်း၊ အားကစားသမား ၇ဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇူလိုင် ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ၌ ဆုကြေးအဖြစ် ပထမဆု ငွေကျပ် ခြောက်သိန်းခွဲ၊ ဒုတိယဆု ငွေကျပ် လေးသိန်းခွဲ၊ တတိယဆု ကျပ် သုံးသိန်း၊ စတုတ္ထဆု ကျပ် နှစ်သိန်း၊ ပဉ္စမဆု ကျပ် တစ်သိန်းခွဲ၊ ဆဌမဆု ကျပ် တစ်သိန်း၊ သတ္တမ ကျပ် ငါးသောင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အာကာလင်း


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%90%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%80%E1%80%9C%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95