spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၉)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် (၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား ရုံ(A)တွင်  ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/ နည်းပြနှင့်အားကစားသမားများ  တက်ရောက်ကြပါသည်။

အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစား သမားများ ပေါ်ထွက်လာစေရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ဖွားတိုင်းရင်းသားများအကြား အားကစား စိတ်ဓါတ်ကို အခြေခံလျက်နားလည်မှု၊ ရင်းနှီးချစ်ကြည်မှုများ တိုးပွားလာစေရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူငယ်များ ကရာတေးအားကစားနည်းအပေါ် ပိုမိုစိတ်ဝင် စားလာစေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် ကရာတေး အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ရဲ့ လေ့ကျင့်ကြိုးစား ကိုယ်ကျင့်တရား ကရာတေးရဲ့အခြေခံများဆိုတဲ့အတိုင်း အားကစားစိတ်ဓါတ်အပြည့်အဝနှင့် သန့်သန့် ရှင်းရှင်းပါဝင်ယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲမှာပါဝင်သည့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုမရှိပဲ တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ပေးကြရန်လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား မောင်/မယ်များ အနေဖြင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်ကြမည့် အသင်းအောင်နိုင်ရေးအတွက် မိမိတို့အရည်အသွေးကို အစွမ်းကုန်ထုတ်ပြပြီး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင် ယှဉ်ပြိုင်စေလိုကြောင်းမှာကြားရင်း ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

  

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့် တာဝန်သူများသည် ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အမျိုးသား၊ အမျိုးသမီး ခတပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း(၁၃)သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း (၁၁)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း (၁၂)သင်း၊ အားကစားသမားစုစုပေါင်း (၁၅၆)ဦးတို့သည် (၉.၇.၂ဝ၁၉)ရက်နေ့မှ (၁ဝ.၇.၂ဝ၁၉) ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် နံနက် (၉:ဝဝ)နာရီမှစ၍ အမျိုးသား/အမျိုးသမီးတစ်ဦးချင်း/အ သင်းလိုက်ခတပွဲစဉ်များ၊ အမျိုးသားကုမိတဲ့(-၅၅)ကီလိုတန်း၊ (-၆ဝ)ကီလိုတန်း၊ (-၆၇)ကီလိုတန်း၊ (-၇၅)ကီလို တန်း၊ (+၇၅)ကီလိုတန်းပြိုင်ပွဲများ၊ အမျိုးသမီးကုမိတဲ့(-၅ဝ)ကီလိုတန်း၊ (-၅၅)ကီလိုတန်း၊ (-၆၁)ကီလိုတန်း၊ (+၆၁)ကီလိုတန်းနှင့် အမျိုးသား/အမျိုးသမီးအသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် ကရာတေးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95