spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၁၀)ရက်။

၂၀၁၉ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ၃ - ၇ - ၂၀၁၉ ရက်နေ့၊ နေ့လည် ( ၂:၃၀ ) နာရီအချိန်၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင် ( ၁၂ )ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကို ၃ - ၇ - ၂၀၁၉ ရက်နေ့မှ ၁၅ - ၇ - ၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

  

ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ဖိတ်ကြားထားသောပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန     ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်တာဝန်ခံများမှ အုပ်ချုပ်၊ နည်းပြ၊ အားကစား သမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

 

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA