spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား မန္တလေးတိုင်းဒေသကြီးအသင်းမှရရှိ

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား မန္တလေးတိုင်းဒေသကြီးအသင်းမှရရှိ

နေပြည်တော်၊ဇူလိုင် (၁ဝ) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နေ့လည် (၃) နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)  တွင် ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ထို့နောက် ပြိုင်ပွဲများအဖြစ် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း အသင်းလိုက်ခတပွဲစဉ်များ၊ အမျိုး သားကုမိတဲ့ (၅၅)ကီလိုအောက်၊ (၆ဝ)ကီလိုအောက်၊ (၆၇)ကီလိုအောက်၊ (၇၅)ကီလိုအောက်၊ (၇၅)ကီလို အထက်ပြိုင်ပွဲများ၊ အမျိုးသမီးကုမိတဲ့(၅ဝ)ကီလိုအောက်၊ (၅၅)ကီလိုအောက်၊ (၆၁)ကီလိုအောက်၊ (၆၁) ကီလိုအထက်နှင့် အမျိုးသား၊အမျိုးသမီးအသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။

    

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်း ကုမိတဲ့(၅၅)ကီ လိုအောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ရွန်(မန္တလေး)၊ ဒုတိယဆုရရှိသော အောင်ကျော်ကျော် (ရခိုင်)၊ ပူးတွဲတတိယဆုရရှိသော အောင်စိုးနိုင်(မွန်)နှင့် ငြိမ်းချမ်း (ရန်ကုန်) တို့အား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဒိုင်ကော်မတီဥက္ကဌ ဦးစောမင်းနိုင်မှ လည်းကောင်း၊

ဆက်လက်၍ အမျိုးသားတစ်ဦးချင်း ကုမိတဲ့(၆ဝ) ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်သူစိုး (ဧရာဝတီ)၊ ဒုတိယဆုရရှိသော အောင်သော်ဇင်သိန်းစိုး(ကယား)၊ ပူးတွဲတတိယဆုရရှိသော ကျော်ထက်အောင် (ရန်ကုန်)နှင့် ဖြိုးမောင်မောင် (မွန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ လည်းကောင်း၊

ဆက်လက်၍ အမျိုးသားတစ်ဦးချင်း ကုမိတဲ့(၆၇) ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော စည်သူထွန်း (စစ်ကိုင်း)၊ ဒုတိယဆုရရှိသော ကျော်ဆန်းသူ (ဧရာဝတီ)၊ ပူးတွဲတတိယဆုရရှိသော ကျော်မျိုးလွင် (ကယား)နှင့် စိုင်းထွန်းအောင် (ရှမ်း) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း၊

ဆက်လက်၍ အမျိုးသမီးတစ်ဦးချင်း ကုမိတဲ့(၅ဝ) ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေရည်ဝင်း (ကယား)၊ ဒုတိယဆုရရှိသော ယမင်းနန္ဒခင်(မန္တလေး)၊ ပူးတွဲတတိယဆုရရှိသော မေဇင်သင်း (မွန်)နှင့် သူဇာနှင်း (စစ်ကိုင်း) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊

  

ဆက်လက်၍ အမျိုးသမီးတစ်ဦးချင်း ကုမိတဲ့(၅၅) ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မေမြန်မာညွှန်ဦးခင် (ကယား)၊ ဒုတိယဆုရရှိသော ချိုမေဇင်(စစ်ကိုင်း)၊ ပူးတွဲတတိယဆုရရှိသော ယုယုထွန်း(မွန်)နှင့် ဟွေ့ရီ(မန္တလေး) တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်မှ လည်းကောင်း၊

  

ဆက်လက်၍ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခု ဖြင့် အမျိုးသားအကောင်းဆုံးဆုရရှိသော စည်သူထွန်း (စစ်ကိုင်း)၊ ရွှေ(၂)ခု၊ ငွေ(၁)ခုဖြင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသော ရွှေရည်ဝင်း (ကယား)၊ ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆု ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊

  

ဆက်လက်၍ ရွှေ(၄)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ရရှိသော ကယားပြည်နယ်အသင်း၊ ရွှေ(၆)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်း ဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ဆု များအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A