spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၈)ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှႇင့်ခြင်းအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေးတက်ရောက်ဆုချီးမြှင့်

(၁၈)ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှႇင့်ခြင်းအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေးတက်ရောက်ဆုချီးမြှင့်

 
ရန်ကုန်၊ ဇူလိုင်လ(၁၄)ရက်။
 
၂၀၁၉ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့မှ မေလ(၃)ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ Chandigrah မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက်အာရှ ဘိလိယက် ပြိုင်ပွဲနှင့် ကာတာနိုင်ငံတွင်ကျင်းပခဲ့သော အာရှစနူကာအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သောအားကစားသမားများအား ဆုချီးမြှင့်ခြင်းနှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ည(၆)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်း Park Royal Yangon(Yadanar Grand Ballroom) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်ကာ ဆုများချီးမြှင့်ပေးခဲ့သည်။
 
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး ၊ ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး (ငြိမ်း) ဦးသောင်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကှ ဒေါက်တာမင်းနိုင် ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင် က ပြိုင်ပွဲနှင့်ပတ်သက်၍ ဆုရရှိခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
  
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ မြလေးစိန် က ကာတာနိုင်ငံတွင် ကျင်းပခဲ့သော အာရှစနူကာအသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကိုထက်နှင့် ၀င်းကိုကို တို့အားဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းနှင့် အိန္ဒိယနိုင်ငံ၊ Chandigrah မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက်အာရှ ဘိလိယက် ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော ချစ်ကိုကို တို့အား ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းတို့ကိုပေးအပ်ချီးမြှႇင့်၍လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင် တို့က အိန္ဒိယနိုင်ငံ၊ Chandigrah မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက်အာရှ ဘိလိယက် ပြိုင်ပွဲတွင် ပထမဆု ရွှေတံဆိပ်ဆုရရှိခဲ့သော အာရှချန်ပီယံ နေသွေးဦး အား ဂုဏ်ပြုဆုငွေကျပ် (၁၂၅)သိန်း အားပေးအပ်ချီးမြှင့်ခဲ့သည်။
 
ဆက်လက်၍ အာရှချန်ပီယံ နေသွေးဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စု၀န်ကြီး၊ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် ဆုရအားကစားသမားများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်း ဓါတ်ပုံရိုက်ကာ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%86%E1%80%AF%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7