spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

 
နေပြည်တော်၊  ဇူလိုင်(၁၆) ရက်။
 
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သော ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများပွဲကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ကျင်းပခဲ့ပါသည်။
 
ထို့နောက် ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသားအသင်းလိုက်'က'ကွက် ပြိုင်ပွဲတွင် ပထမ ဖုန်းသက်နိုင်နှင့်အဖွဲ့(ရန်ကုန်)၊ ဒုတိယ ကျော်ဖြိုးအောင်နှင့်အဖွဲ့(မွန်)၊ တတိယ ဇင်မြတ်ထွန်းနှင့်အဖွဲ့(မန္တလေး)မှလည်းကောင်း၊ အမျိုးသမီး အသင်းလိုက်'က'ကွက် ပြိုင်ပွဲတွင် ပထမ အေးချမ်းမြတ်ဖြိုးနှင့်အဖွဲ့ (ရန်ကုန်)၊ ဒုတိယ နန်းသုန္ဒရီကောင်းနှင့်အဖွဲ့(ရှမ်း)၊ တတိယ အေးမြသူနှင့်အဖွဲ့ (ကယား)မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
ဆက်လက်၍ လိုက်၀ိတ်တန်း အမျိုးသား (၅၈-၆၃) ကီလိုတန်း၊လိုက်၀ိတ်တန်း အမျိုးသမီး (၄၉-၅၃) ကီလိုတန်း၊ လိုက်၀တ်တန်း အမျိုးသား (၅၈-၆၃) ကီလိုတန်း၊  လိုက်၀ိတ်တန်း အမျိုးသမီး (၄၉-၅၃) ကီလိုတန်း၊ ပင်း၀ိတ်တန်း အမျိုးသား (-၄၆)ကီလိုတန်း၊ ပင်း၀ိတ်တန်း အမျိုးသား(-၄၀)ကီလိုတန်း၊ လိုက် ၀ိတ်တန်း အမျိုးသား (၅၈-၆၃) ကီလိုတန်း၊ လိုက်၀ိတ်တန်း အမျိုးသမီး (၄၉-၅၃) ကီလိုတန်း၊ ပင်း၀ိတ် တန်း အမျိုးသား (-၄၆) ကီလိုတန်း၊ ပင်း၀ိတ်တန်း အမျိုးသမီး (-၄၀)ကီလိုတန်းပြိုင်ပွဲများကို ကွင်း(B)တွင် လည်းကောင်း၊ဘင်တန်၀ိတ်တန်း အမျိုးသား(၅၀-၅၄)ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသမီး (၄၃-၄၆) ကီလိုတန်းနှင့် ၀ယ်တာ၀ိတ်တန်း အမျိုးသမီး (၅၇-၆၂) ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသား (၅၀-၅၄) ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသမီး (၄၃-၄၆) ကီလိုတန်း၊ ၀ယ်တာ၀ိတ်တန်း အမျိုးသမီး (၅၇-၆၂) ကီလိုတန်း၊ ၀ယ်တာ၀ိတ်တန်း အမျိုးသား (၆၈-၇၄) ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသား (၅၀-၅၄) ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသမီး (၄၃-၄၆) ကီလိုတန်း၊ ၀ယ်တာ၀ိတ်တန်း အမျိုးသမီး (၅၇-၆၂) ကီလိုတန်း၊ ၀ယ်တာ၀ိတ်တန်း အမျိုးသား (၅၇-၆၂) ကီလိုတန်းများကို ကွင်း(B)တွင်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများကို (၁၅.၇.၂၀၁၉) ရက်နေ့မှ (၁၇.၇.၂၀၁၉) ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် နံနက် (၉း၃၀) နာရီမှစ၍ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် တိုက်ကွမ်ဒို အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95