spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်​၊ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ဖလား ခရိုင်​အလိုက်​သက်​(၁၇)နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်​၊ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ဖလား ခရိုင်​အလိုက်​သက်​(၁၇)နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်လ (၁၇)ရက်။

၂၀၁၉ခုနှစ်​၊ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ဖလား ခရိုင်​အလိုက်​သက်​(၁၇)နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲအား ၁၅-၇-၂၀၁၉ ရက်​​နေ့ ​နေ့လည်​ (၂:၀၀) အချိန်​တွင်​ ​တောင်​ကြီးခရိုင်​ နှင့် ​ကျောက်​မဲခရိုင်​တို့ ယှဉ်ပြိုင်​ ကစားကြရာ တောင်​ကြီးခရိုင်အသင်း ​မှ ကျာက်​မဲခရိုင်​အသင်းအား ( ၅)ဂိုး (၁)ဂိုးဖြင့်အနိုင်​ရ ဗိုလ်​စွဲခဲ့ပါသည်​။

ဆက်​လက်​၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပူးတွဲတတိယဆုရရှိ​သော လားရှိုးခရိုင်​အသင်းအား ဆုတံဆိပ်​နှင့် ငွေသား ကျပ် ( ၂ )သိန်းကို စဝ်​စံထွန်းဆေးရုံအုပ်​ကြီး ​ဒေါက်​တာမြင့်သိန်းမှလည်း​ကောင်း၊ ပူးတွဲတတိယဆုရရှိ​သော လင်း​ခေးခရိုင်​အသင်းအား ဆုတံဆိပ်​နှင့့်​ငွေသားကျပ်​ (၂ )သိန်းကို ပြည်​နယ်​စီမံကိန်း​ ညွှန်​ကြား​ရေးမှူး ဦးသန်း​အောင်​ မှ လည်း​ကောင်း ၊ ဒုတိယဆုရရှိ​သော ​ကျောက်​မဲခရိုင်​အသင်းအား ဆုတံဆိပ်​နှင့် ငွေသား ကျပ် (၅) သိန်း ကိုရသုံးမှန်းခြေ​ငွေစာရင်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးနိုင်​နိုင်​ဝင်းမှှ လည်းကောင်း၊ ပထမဆုရရှိ​သော ​တောင်​ကြီးခရိုင်​အသင်းအား ဆုတံဆိပ်​နှင့် ​ငွေသားကျပ်​ (၇)သိန်းကို ​တောင်​ကြီးတက္ကသိုလ်​ ဒုတိယပါ​မောက္ခချုပ်​ ​ဒေါက်တာ ဝင်းဝင်းအိမှ လည်းကောင်း​ပေးအပ်​ချီးမြှင့်ခဲ့ပါသည်​။

ထို့​နောက်​ ဂိုးအ​ကောင်းဆုံးဆုရရှိသော လားရှိုးခရိုင်​အသင်းမှ ​မောင်မင်းမင်းသန့်၊ ​နောက်​တန်းအ​ကောင်းဆုံးဆု ရရှိသော ​တောင်​ကြီးခရိုင်​အသင်းမှ ​မောင်​​အောင်​ဖြိုး​သော်​၊အလယ်​တန်းအ​ကောင်းဆုံးဆုရရှိသော ​တောင်​ကြီး ခရိုင်​အသင်းမှ ​မောင်​ဇွဲ​နေလှ တို့အား အား/ကာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ဦးသက်လွင်ဦးမှ လည်းကောင်း၊ ​ရှေ့တန်းအ​ကောင်းဆုံးဆုရရှိသော ​ကျောက်​မဲခရိုင်​အသင်းမှ ​မောင်​မင်းကိုနိုင်​နှင့် ပွဲစဉ်တ​လျှောက်​ အ​ကောင်းဆုံးဆုရရှိသော ​တောင်​ကြီးခရိုင်​အသင်းမှ ​မောင်​ညီညီနိုင်​ အား ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီးမှ လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားကျပ် (၅) သောင်းစီ ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဆက်​လက်​၍ ပထမဆုရရှိ​သော ​တောင်​ကြီးခရိုင်​အသင်းအား တံခွန်​စိုက်​ဆုဖလားကို ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ဝင်​ ပြည်​နယ်​လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုးထွန်း မှ ​ပေးအပ်​ချီးမြှင့်ခဲ့ပါသည်​။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E2%80%8B%E1%81%8A-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E2%80%8B%E1%80%94%E1%80%9A%E1%80%BA%E2%80%8B%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E2%80%8B%E1%80%94%E1%80%9A%E1%80%BA%E2%80%8B%E1%80%9D%E1%80%94%E1%80%BA%E2%80%8B%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E2%80%8B%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E2%80%8B%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E2%80%8B%E1%80%9E%E1%80%80%E1%80%BA%E2%80%8B%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA