spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီး အသင်းမှရရှိ

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီး အသင်းမှရရှိ

နေပြည်တော်၊ ဇူလိုင်(၁၀)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် တိုိင်းဒေသ ကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့်ဆုပေးပွဲကိုယနေ့နံနက်(၉)နာရီမှစတင်ပြီး၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြရာ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
 
  
 
ထို့နောက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် လိုက်၀ယ်တာ၀ိတ်တန်းအမျိုးသား(၆၃-၆၈) ကီလိုတန်း၊ အမျိုးသမီး လိုက်၀ယ်တာ၀ိတ်တန်းအမျိုးသမီး(၅၃-၅၇) ကီလိုတန်း၊ လိုက်၀ယ်တာ၀ိတ်တန်း အမျိုးသား (၅၈-၆၃) ကီလိုတန်း၊ လိုက်၀ိတ်တန်း အမျိုးသမီး(၄၉-၅၃) ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသား (၅၀-၅၄) ကီလိုတန်း၊ ပင်း၀ိတ်တန်း(-၄၀) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
 
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသား(၆၃-၆၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော အောင်စည်သူ(မွန်)၊ ဒုတိယဆု ရရှိသော ခူးအယ်င်္ရီလင်း(ရှမ်း)၊ ပူူးတွဲတတိ ယ ဆုရရှိသော၊ မင်းစိုး(ပဲခူး)နှင့်ဇော်မင်းထွေး(ကယား)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြသိမ်းမှလည်းကောင်း၊
 
ဆက်လက်၍ အမျိုးသမီး(၅၃-၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေရည်ထွန်း(ဧရာ၀တီ)၊ ဒုတိယဆုရရှိသော စုမြတ်စန္ဒီကျော်(ရှမ်း)၊ ပူးတွဲတတိယဆုရရှိသော နေခြည်(မွန်)နှင့် နန်းမေသူသူဟိန်း(ကယား)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ထွေးမှလည်းကောင်း၊
 
အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ထက်ဇော်လင်း(ဧရာ၀တီ)၊ ဒုတိယဆုရရှိသော ကျင်စိုးရန်နိုင်(ကယား)၊ ပူးတွဲတတိယဆုရရှိသော လှိုင်ညီညီထွဋ် (ရန်ကုန်)နှင့် မင်းမင်းမောင်(ချင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်မှလည်းကောင်း၊
 
အမျိုးသမီး (၄၉-၅၃) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မိုးမြင့်မြတ်(ကယား)၊ ယုဇန ကျော်(ကချင်)၊ပူးတွဲ တတိယဆုရရှိကြသော စုစုလွင်(ရှမ်း)နှင့်ရွှေစင်၀င်း(ဧရာ၀တီ)တို့အား၊ အားကစား နှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊
 
အမျိုးသား(၅၀-၅၄) ကီလိုတန်းပြိုင်ပွဲများတွင် ပထမဆုရရှိသော ကောင်းထက်လွင်(ရန်ကုန်)၊ ဒုတိယဆုရရှိသာ သိန်းထက်လင်း(ရန်ကုန်)၊ ပူးတွဲတတိယဆုရရှိကြသော ဇင်မင်းသိုက်(မွန်)နှင့် ကျော်ဖြိုး အောင်(မကွေး)တို့အား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊ 
 
 
အမျိုးသမီး(-၄၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသာ နန်းဖြိုးဖြိုးဟန်နီ(ရန်ကုန်)၊ဒုတိယဆုရရှိသော နန်းချိုလေး(ရှမ်း)၊ပူးတွဲ တတိယဆုရရှိကြသော သိမ့်နဒီထွန်း(ကယား)နှင့် သင်ဇာမျိုးလွင် (တနင်္သာရီ)တို့အား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊
 
 
ထို့နောက် အကောင်းဆုံး အမျိုးသားအားကစားသမားဆုကို ကောင်းထက်လွင်(ရန်ကုန်)နှင့် အကောင်းဆုံးအမျိုးသမီးဆုကို ရွှေရည်ထွန်း(ဧရာ၀တီ)တို့အား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊
 
 
 
ဆက်လက်၍ ရွှေ(၆)ခု၊ ငွေ(၃)ခု၊ကြေး(၃)ခု၊ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေ(၄)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခု၊ဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိ သွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ရွှေ(၁၀)ခု၊ ငွေ(၆)ခု၊ ကြေး(၆)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော၊ ရန်ကုန်တိုင်းဒေသကြီးအသင်းအား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A