spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ မြန်မာအားကစားသမားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ မြန်မာအားကစားသမားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

 

ရန်ကုန်၊ ဇူလိုင် ၁၆

အင်ဒိုနီးရှားနိုင်ငံ Semarang မြို့၌ ဇူလိုင် ၁၇ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ   အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။ အဆိုပါပြိုင်ပွဲတွင် အဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အုပ်ချုပ်၊ နည်းပြ ၁၇ ဦး၊ အားကစားသမား ၃၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းပြိုင်ပွဲသို့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာအားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊  ပြေးခုန်ပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ဇူလိုင် ၁၈ ရက်တွင် ဖွင့်ပွဲအခမ်းအနားနှင့် ဇူလိုင် ၂၄ ရက်တွင် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7