spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း(ကျောက်ဖြူ)၏ မိုးရာသီ မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ Civil (A)အသင်းက အနိုင်ရ

အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း(ကျောက်ဖြူ)၏ မိုးရာသီ မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ Civil (A)အသင်းက အနိုင်ရ

 

ကျောက်ဖြူ   ၁၉ ဇူလိုင်  


အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း(ကျောက်ဖြူ)၏ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကျောက်ဖြူမြို့၊ မြို့မအားကစားကွင်း၌ ယမန်နေ့၊ ညနေ(၃)နာရီအချိန်တွင် Civil (A) အသင်းနှင့် EP (B) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ Civil (A) အသင်းက EP (B)ကို (၄)ဂိုး (၁)ဂိုးဖြင့် မေဂျာပေါင်းစုံဒိုင်းဆုကိုရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း(ကျောက်ဖြူ) ကျောင်းအုပ်ဆရာကြီး ဒေါက်တာဖြိုးဝေလင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအားလည်းကောင်း၊ ကျောက်ဖြူခရိုင်အား/ကာဦးစီးမှူး ဦးမြင့်သိန်းက မေဂျာပေါင်းစုံမှတဆင့် နိုင်ငံကိုယ်စားပြု အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန် ပြောကြားခဲ့ပြီး၊ အကောင်းဆုံးကစားသမားဆုများကို တာဝန်ရှိသူများက လည်းကောင်း၊ တတိယဆုကို မြို့နယ်အား/ကာမှူး ဦးကိုကိုမောင်၊ ဒုတိယဆုကို ခရိုင်အား/ကာမှူး ဦးမြင့်သိန်း၊ ပထမဆု လည်ဆွဲဆုတံဆိပ်နှင့်တံခွန်စိုက်ဒိုင်းဆုကို ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဖြိုးဝေလင်း တို့ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ Civil (A) ၊ Civil (B)၊ EP (A)၊ EP (B)၊  IT (A)၊ IT (B)၊ All Star အသင်း(၇)သင်းဖြင့် ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြရာ Civil (A)အသင်းက ပထမဆု၊ EP (B) အသင်းက ဒုတိယဆု၊ IT (A) အသင်းက တတိယဆုများကို အသီးသီးရရှိခဲ့ကြကြောင်း ပြည်နယ်(ပြန်/ဆက်)မှ သတင်းရရှိသည်။


MDN


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF-%E1%80%9C%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%96%E1%80%BC%E1%80%B0%E1%81%8F-%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE-%E1%80%99%E1%80%B1%E1%80%82%E1%80%BB%E1%80%AC%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-civil