spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလှေပြိုင်ပွဲအတွက် မြန်မာလှေလှော်အားကစားသမားများ ပြင်းပြင်းထန်ထန်လေ့ကျင့်

ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလှေပြိုင်ပွဲအတွက် မြန်မာလှေလှော်အားကစားသမားများ ပြင်းပြင်းထန်ထန်လေ့ကျင့်

 

ရန်ကုန် ၂၁ ဇူလိုင်


(၁၄)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလှေပြိုင်ပွဲကို ထိုင်းနိုင်ငံ ပတ္တရားမြို့၌ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် ရန်ကုန်မြို့ အင်းယားကန်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ 


“ကျွန်တော်တို့ ဒီပြိုင်ပွဲကို အင်အားပြည့်ဝင်ရောက်ယှဉ်ပြိုင်သွားမယ်။ အားကစားသမားများရဲ့ လေ့ကျင့်မှုတွေကို အားရကျေနပ်မိပါတယ်။ ကမ္ဘာ့ချန်ပီယံ ရိုးရာလှေပြိုင်ပွဲမှာ ဆုတံဆိပ်များမျှော်မှန်ထားပါတယ်။ ဒီပြိုင်ပွဲပေါ်မှာ သုံးသပ်ပြီး ဆီးဂိမ်းအတွက်ကို အားနည်းချက် အားသာချက်ကိုကြည့်ပြီး ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ ဒါမှ ဆီးဂိမ်းပြိုင်ပွဲမှာလည်း ယုံကြည်မှုအပြည့်ရှိမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောသည်။

 


ယင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမားများနှင့် အသက် ၂၄ အောက် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၀ ဦးတို့က ပြိုင်ပွဲအမျိုးအစား ၁၀ဝ ခန့်၌ ပြိုင်ပွဲ ၁၈ ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ရိုးရာလှေပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားသမားက ရွှေတစ်၊ ငွေတစ်၊ ကြေးတစ်ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ- အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8