ရန်ကုန်၊ ဇူလိုင်လ(၂၂)ရက်။
၂၀၁၉ခုနှစ်၊ ဘောလုံးရာသီMNL-2 ပထမတန်း U-20 အမှတ်ပေးအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ်(၁၄)ကို ယမန်နေ့ ညနေ(၃)နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပဒုမ္မာဘောလုံးကွင်း၌ကျင်းပရာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် မြ၀တီအသင်းက အား/ကာသိပ္ပံအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ဗိုလ်လုပွဲအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တတိယဆုရ တက္ကသိုလ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်ငွေသားဆု (၃၅)သိန်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှလည်းကောင်း၊ ဒုတိယဆုရ အား/ကာသိပ္ပံအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသောင်းထိုက်နှင့် ဆုကြေးငွေကျပ်သိန်း(၇၀)အား မြ၀တီအသင်းအမှုဆောင်အရာရှိချုပ် ဦးမြတ်စိုးမှလည်းကောင်း၊ ပထမဆုရ မြ၀တီအသင်းအား တစ်ဦးချင်းဆုများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ဆုကြေးငွေကျပ်သိန်း(၁၀၀)အား MPT , Dy Director of Marketing ဦးခင်မောင်မြင့်မှလည်းကောင်း၊ ပထမချန်ပီယံဆုဖလားကြီးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ကပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။