spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊  ဇူလိုင်လ(၂၃)ရက်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပုလောမြို့နယ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ တက်ရောက် ခဲ့ကြသည်။

မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ပုလောမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် လာကြသော အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက် အကြိတ်အနယ် လက်ဝှေ့ယှဉ်ပြိုင်ခဲ့ကြရာ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေး ခဲ့ကြသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ဆွတ်ခူးရရှိခဲ့သော ပုလောမြိုနယ် အသင်းအား လွတ်တော်ကိုယ်စားလှယ် ဦးကြည်လှိုင်က ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမျိုးသား (၄၈၊ ၅၁၊ ၅၄၊ ၅၇၊ ၆၀၊ ၆၃.၅) ကီလိုတန်းတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%AC%E1%80%9B%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2