spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုနယ်မြေနေပြည်တော် ဒီဇင်ဘာလ စတုတ္ထအပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒီဇင်ဘာလ စတုတ္ထအပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာလ(၂၃)ရက်။ '
 
'တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှုများ'' အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထု စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၃ဝ)မိနစ်တွင် နေပြည်တော် မြို့မစျေးရှေ့မှ စတင်တာလွှတ်ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊  ဝန်ကြီးဌာနပေါင်းစုံမှဝန်ထမ်းအကြီးအကဲများ၊ ဝန်ထမ်းများ၊ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၁၁ဝဝဝ)ခန့် တပျော်တပါး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။
 
 
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော် မြို့မစျေးရှေ့ နံနက် (၅:၃ဝ)တွင် စတင်တာလွှတ်ရာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော်မြို့မစျေးစုရပ်မှတစ်ဆင့် ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်း အဝိုင်းကို ကျော်လွန်၍ မဏိရတနာကျောက်စိမ်းခန်းမရှေ့တွင် ပန်းဝင်ကြပါသည်။ လူထုစုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား မဏိရတနာ ကျောက်စိမ်းခန်းမရှေ့ ပန်းဝင်ရာနေရာ တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကတာဝန်ရှိသူတို့မှ ရေသန့်ဘူးနှင့်မုန့်များကို ပေးဝေကြပါသည်။
 
 
ထို့နောက် ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်  လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)နှင့် (၂)တို့ကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%85%E1%80%90%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%A1%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95