spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၁၇)နှစ် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၁၇)နှစ် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ပုသိမ်၊ ဇူလိုင် (၂၃)ရက်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၃.၇.၂၀၁၉) ရက်နေ့ ညနေ (၃)နာရီအချိန်၌ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဠ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးကြသည်။

ဗိုလ်လုပွဲ၌ ပုသိမ်မြို့နယ်အသင်းနှင့် ဒေးဒရဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်မြို့နယ်အသင်းမှ ဒေးဒရဲမြို့နယ်အသင်းကို (၂)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲအပြီးတွင် ဒုတိယဆုရရှိသော ဒေးဒရဲမြို့နယ်အသင်း၊ တတိယဆုရရှိသော ကန်ကြီးထောင့်မြို့နယ်အသင်းတို့အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပထမဆုရရှိသော ပုသိမ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု (၇)သိန်းကျပ်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A7%E1%80%9B%E1%80%AC%E1%80%9D%E1%80%90%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%81%82%E1%81%86%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA