spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနေရှယ်လိဂ် MPT Myanmar National League (U-18) 2019 ဘောလုံးပြိုင်ပွဲတွင် အား/ကာသိပ္ပံဘောလုံးအသင်းဗိုလ်ဆွဲ

မြန်မာနေရှယ်လိဂ် MPT Myanmar National League (U-18) 2019 ဘောလုံးပြိုင်ပွဲတွင် အား/ကာသိပ္ပံဘောလုံးအသင်းဗိုလ်ဆွဲ

 
ရန်ကုန်၊ ဇူလိုင် (၂၆)
 
မြန်မာနေရှင်နယ်လိဂ် MPT Myanmar National League U - 18 , 2019 နောက်ဆုံး အမျိုးသားဘောလုံ ဗိုလ်လုပြိုင်ပွဲကို ယနေ့ညနေ ၃နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပုဒုံမ်မာဘောလုံးကွင်း၌ကျင်းပရာ ဗိုလ်လုပြိုင်ပွဲတွင် အား/ကာသိပ္ပံဘောလုံးအသင်းနှင့် မြဝတီဘောလုံးအသင်းတို့ယှဉျပြိုင်ကစားကြရာ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်း၌ ကျောနံပါတ်(၂၂) လှိုင်ဘွားနှင့် ကျောနံပါတ်(၁၁) လရောင်၊ ဒုတိယပိုင်းတွင် ကျောနံပါတ်(၈) ကိုကိုနိုင် တို့ကသွင်းယူခဲ့ပြီး ပွဲအပြီးတွင် အား/ကာသိပ္ပံအသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
 
 
ဗိုလ်လုပွဲအပြီးဆုပေးပွဲကိုဆက်လက်ကျင်းပရာ တတိယဆုရရှိသည့် University FC ဘောလုံးအသင်း ၊ ဒုတိယဆုရရှိသည့် မြဝတီဘောလုံးအသင်း ၊ ပထမဆုရရှိသည့် အား/ကာသိပ္ပံဘောလုံးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်ဆုများကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ မြဝတီအသင်းနည်းပြချုပ် ၊ My Sport MD Mr . Chintနှင့်တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရ University FCအသင်းအား ဆုကြေးငွေကျပ် (၂၅)သိန်းကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးမှလည်းကောင်း၊ ဒုတိယဆုရ မြဝတီအသင်းအား ဆုကြေးငွေကျပ် သိန်း(၅၀)ကို MPT JO Deparment General Manager ဦးကျော်သက်မှလည်းကောင်း၊ ပထမဆုရရှိသည့် အား/ကာသိပ္ပံအသင်းအား ဆုကြေးငွေကျပ် သိန်း(၁၀၀)ကို MPT JO Marketing Director ဦးခင်မောင်မြင့်မှလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးသည်။
 
 
ဆက်လက်ပြီး ၂၀၁၉ ခုနှစ် အတွက် MPT Myanmar National League U-18 အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်ဆွဲပြီး ပထမ ချန်ပီယံဆုဖလားရရှိသွားသည့် အား/ကာသိပ္ပံဘောလုံးအသင်းအား ချန်ပီယံဆုဖလားကြီးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဌ ဦးဇော်ဇော်မှ ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%B1%E1%80%9B%E1%80%BE%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%82%E1%80%BA-mpt-myanmar-national-league-u-18-2019-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA