spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးမြို့၌ကျင်းပသည့် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးစီးဝါသနာရှင်ပြည်သူ ၃၀ဝ ကျော် ပါဝင်ဆင်နွဲ

မန္တလေးမြို့၌ကျင်းပသည့် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးစီးဝါသနာရှင်ပြည်သူ ၃၀ဝ ကျော် ပါဝင်ဆင်နွဲ

 

မန္တလေး ၂၈ ဇူလိုင်

စက်ဘီးစီးအားကစားနည်းကို ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးနည်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ကြီးမှူးကာ လစဉ်နောက်ဆုံးပတ်တွင် လစဉ်လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ကျင်းပလျက်ရှိရာ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့စုရပ်နေရာ၌ ပြုလုပ်သည်။

အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မြို့တို့မှ စက်ဘီးအားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီးသမားများ၊ ကျောင်းသားကျောင်းသူများ၊ သက်ကြီး သက်လတ် သက်ငယ် စက်ဘီးစီးအားကစားဝါသနာရှင် ပြည်သူများ၊ ဝန်ထမ်းများ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏ နောက်ဆုံးပတ် တနဂငေ်္နွနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်း ဆင်နွှဲနိုင်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%94%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%9D%E1%80%AB%E1%80%9E%E1%80%94%E1%80%AC%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0-%E1%81%83%E1%81%80%E1%80%9D-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA